Connect with us

Latin America

Rio 2016 အိုလံပစ်ပွဲကြောင့် ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရရှိလိမ့်မည်ဟု ဘရာဇီး မျှော်မှန်း

Rio 2016 အိုလံပစ်ပွဲ အထိမ်းအမှတ် တံဆိပ်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယို ဒီဂျနေရို၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဗဟိုဘဏ်က Rio တွင် ကျင်းပမည့် 2016 အိုလံပစ်ပွဲသို့ လာရောက်မည့် နိုင်ငံကိုယ်စားပြု အားကစားသမား အဖွဲ့များနှင့် ခရီးသွား ဧည့်သည်များမှ ပြည်ပ ဝင်ငွေရရှိမှုသည် အမေရိကန်ဒေါ်လာ သန်း၂၀၀ ပတ်ဝန်းကျင်ရှိမည် ဟု ခန့်မှန်းကြောင်း ဇူလိုင်လ ၂၆ ရက် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ယင်း ခန့်မှန်းချက်အား ယခင် ကျင်းပခဲ့သည့် အိုလံပစ်ပွဲ သုံးခု (အေသင် ၂၀၀၄၊ ပေကျင်း ၂၀၀၈ နှင့် လန်ဒန် ၂၀၁၂ ) မှ ကိန်းဂဏန်း အချက်အလက်များကို အခြေခံ၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် ယင်း ရလဒ်သည် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပွဲတွင် ရရှိခဲ့သည့် ပြည်ပဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၉၀၀ ထက် များစွာ လျော့နည်းကြောင်း သိရသည်။
ထို့အပြင် ဗဟိုဘဏ် က အိုလံပစ်ပွဲသည် ခရီးသွား လုပ်ငန်းအတွက် ဝင်ငွေတိုးတက်မှု သိသိသာသာ ဖြစ်ပေါ်လာခြင်း မရှိသေးသော်လည်း နိုင်ငံ၏ နောင် အနာဂါတ် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အထူးသဖြင့် ရီယို ဒီဂျနေရိုမြို့သို့ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ပိုမို များပြားလာစေရန် လုပ်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘရာဇီး အစိုးရသည် အိုလံပစ်ပွဲ ကြည့်ရှုရန် လာရောက်သူ ကမ္ဘာအရပ်ရပ်မှ ခရီးသည်ပေါင်း ၅၀၀,၀၀၀ ပတ်ဝန်းကျင် ရှိမည်ဟု မျှော်လင့်ကြောင်း သိရသည်။
ဗဟိုဘဏ် က ၂၀၁၆ ခုနှစ် ပထမ နှစ်ဝက်အတွင်း နိုင်ငံတွင်းသို့ လာရောက် လည်ပတ်ကြသော ကမ္ဘာလှည့် ခရီးသည်များ သည် ယခင်နှစ် ပထမနှစ်ဝက် ထက် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၁၀ ပို၍ သုံးစွဲခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.