Latin America
ဘရာဇီး အကျဉ်းထောင် ဖောက်ခံရ၍ အကျဉ်းသား ၁၅၀ကျော် လွတ်မြောက်
ရီယိုဒီဂျနေးရို၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ တောင်ပိုင်း ဆောပေါ်လို ပြည်နယ် Bauruမြို့ရှိ အကျဉ်းထောင်တစ်ခု၏ အစိတ်အပိုင်း အချို့အား မီးတင်ရှို့သည့် ထောင်တွင်းဆူပူမှုဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၂၄ရက်တွင် အကျဉ်းသား ၁၅၀ဦးထက်မနည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်အကျဉ်းဦးစီးဋ္ဌာန ၏ပြောကြားချက်အရ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသား များအနက် ၁၀၀ဦးခန့်အား ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးကြီး Flavio Kitazume က ယခုဖြစ်ပွားခဲ့သည့် ထောင်တွင်းဆူပူမှုသည် ယခင် နိုင်ငံ၏ ဒေသအချို့တွင် ဖြစ်ပွားခဲ့သော ထောင်တွင်းဆူပူမှုများ နှင့် မသက်ဆိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။
၂၀၁၇ခုနှစ် အစောပိုင်းမှ စ၍ အကျဉ်းထောင်တွင်း ပဋိပက္ခများကြောင့် အကျဉ်းသား ၁၃၀ကျော် သေဆုံးခဲ့ရပြီး ယင်း ပဋိပက္ခများနှင့်ပတ်သက်၍ အာဏာပိုင်များက ရာဇဝတ်ဂိုဏ်းများအပေါ် ပြစ်တင်ခဲ့သော်လည်း လေ့လာစောင့်ကြည့်သူများက အကျဉ်းထောင်များအတွင်း လူဦးရေထူထပ်နေခြင်းကို ပြစ်တင်ခဲ့ကြကြောင်း သိရသည်။
Bauruမြို့ရှိ အကျဉ်းထောင် သည် အခြားသော အကျဉ်းထောင်များကဲ့သို့ လူဦးရေ မထူထပ်ဘဲ အကျဉ်းသားဦးရေ ၁,၁၂၄ဦး အတွက် ရည်ရွယ်တည်ဆောက်ထားသည့် အဆောက်အအုံ၌ အကျဉ်းသား ၁,၄၂၇ဦး ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း Agencia Brasil သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
အကျဉ်းထောင်တာဝန်ရှိသူများက အကျဉ်းသားများသည် ထောင်အတွင်း ချမှတ်ထားသော တင်းကျပ်သည့်စည်းကမ်းများကို ဆန့်ကျင် ပုန်ကန်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။ (Xinhua)