Connect with us

Latin America

နယ်စပ်တံတိုင်းကာခြင်း အကြောင်းအရာအား လူသိရှင်ကြား မဆွေးနွေးရန် မက္ကဆီကို သမ္မတ နှင့် ထရမ့် သဘောတူ

မက္ကဆီကိုနိုင်ငံ သမ္မတ Enrique Pena Nieto (ဘယ်) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ညာ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ သမ္မတ Enrique Pena Nieto နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် နယ်စပ်တံတိုင်းကာခြင်း စီမံကိန်းနှင့် ပတ်သက်၍ လူသိရှင်ကြား ငြင်းခုန်ဆွေးနွေးခြင်းမပြုရန် ဇန်နဝါရီ ၂၇ ရက် က သဘောတူခဲ့ကြကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

Pena Nieto က ဒေါ်နယ်ထရမ့် နှင့် ဇန်နဝါရီ ၃၁ ရက်တွင် တွေ့ဆုံမည့် အစည်းအဝေးပွဲအား ပယ်ဖျက်ပြီး တစ်ရက်အကြာတွင် နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့် တစ်နာရီကြာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် နယ်စပ်တံတိုင်းကုန်ကျငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံသမ္မတများက ယင်းကဲ့သို့ ထိလွယ်ရှလွယ်သော အရေးကိစ္စမှာ လူသိရှင်ကြားအခြေအနေသို့ ရောက်ရှိသွားခြင်းကို ဝန်ခံခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး အပေါ် အကျိုးသက်ရောက်စေမှုများကို အခြေခံ၍ ပြီးပြည့်စုံသော ဆွေးနွေးမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ယင်းသဘောထားမတိုက်ဆိုင်မှုများကို ဖြေရှင်းသွားရန် သဘောတူခဲ့ကြောင်းပါရှိသည်။

ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် ယခုအချိန်မှစ၍ ယင်းအကြောင်းအရာအား လူသိရှင်ကြား ဆွေးနွေးခြင်းမပြုရန်လည်း သဘောတူခဲ့ကြသည်။

၎င်းတို့သည် မက္ကဆီကို နှင့်ပတ်သက်၍ အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြနေမှု၊ နှစ်နိုင်ငံ ကြား ရင်းနှီးစွာ ဆက်ဆံရေး၏ အရေးကြီးမှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်း နှင့် တရားမဝင်လက်နက်များ စီးဆင်းနေခြင်းတို့ကို အတူတကွတားဆီးရန် လိုအပ်နေမှုတို့အပါအဝင် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းစေသည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထူးခြားချက်အနေဖြင့် တောင်အမေရိကတိုက် အထူးသဖြင့် မက္ကဆီကိုနိုင်ငံမှ အမေရိကန်နိုင်ငံသို့ တရားမဝင်ပြောင်းရွှေ့နေထိုင်သူများနှင့် ပတ်သက်၍ ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

ထရမ့်က တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်များဝင်ရောက်လာခြင်းကို ထိန်းသိမ်းရန် နှင့် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ခြင်းအား တားဆီးရန် နယ်စပ်တံတိုင်းများ လိုအပ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)