Latin America
ဘိုလီးဗီးယား နိုင်ငံ အလယ်ပိုင်းတွင် အင်အား ၆.၇ အဆင့်ရှိ ငလျင် လှုပ်ခတ်
လီမာ ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ဘိုလီးဗီးယား နိုင်ငံ အလယ်ပိုင်း တွင် ဖေဖော်ဝါရိ ၂၁ ရက်နေ့က အင်အား ၆.၇ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်ဆီးဆုံးရှုံးမှု ဆိုင်ရာ ငွေကြေးတန်ဖိုးကြေညာချက် မထုတ်ပြန် သေးကြောင်း သိရှိရသည်။
ဘိုလီးဗီးယား နိုင်ငံ အမျိုးသား ငလျင် စင်တာ ၏ ပြောဆိုချက်အရ ငလျင် သည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ် တွင် ဖြစ်ပွားခဲ့ကြောင်း ၊ ငလျင် ဗဟို သည် မြို့တော် Sucre ၏ အရှေ့ဘက် ကီလိုမီတာ ၁၄၁ အကွာ တွင် ဖြစ်ပွားခဲ့ပြီး ငလျင်အနက်သည် ၅၉၆ ကီလိုမီတာ ရှိကြောင်း သိရှိရသည်။
ဘိုလီးဗီးယား နိုင်ငံ နက္ခတ်ဗေဒ ဌာန က ငလျင် အနက်သည် အလွန်နက်သောကြောင့် ဆိုးရွားသည့် ထိခိုက်ပျက်ဆီး မှု မဖြစ်ပွား နိုင်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)