Connect with us

Latin America

၂၀၁၆ခုနှစ် တွင် ဘရာဇီး၌ သတင်းထောက်များ တိုက်ခိုက်ခံရမှု ၆၀ရာခိုင်နှုန်းအထိ မြင့်တက်လာ

ဘရာဇီးရှိ ဆန္ဒပြပွဲများအတွင်း ဓါတ်ပုံရိုက်နေသည့် သတင်းထောက်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘရာဇီးလား၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် သတင်းထောက်များအား တိုက်ခိုက်မှု နှင့် ခြိမ်းခြောက်မှုများသည် ၂၀၁၅ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၂၀၁၆ခုနှစ်တွင် ၆၀ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်း ဖေဖော်ဝါရီ ၂၁ရက် ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

ကိန်းဂဏန်းအချက်အလက်များအရ ဘရာဇီးနိုင်ငံသည် သတင်းထောက်များအတွက် အန္တရာယ်အရှိဆုံး နိုင်ငံ ၁၀နိုင်ငံ အနက် တစ်နိုင်ငံ ဖြစ်လာကြောင်း ဘရာဇီးနိုင်ငံ ရေဒီယို နှင့် ရုပ်သံကွန်ရက် အသင်းအဖွဲ့ (Abert) က “လွတ်လပ်စွာ ရေးသားပြောဆိုမှုများ ပိတ်ပင်တားဆီးခံရခြင်း” ခေါင်းစဉ်ဖြင့် လေ့လာမှုတစ်ရပ်၌ သတိပေးပြောကြားခဲ့သည်။

၂၀၁၆ခုနှစ်တွင် သတင်းထောက် ၁၇၄ဦးထက်မနည်း ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု နှင့် ခြိမ်းခြောက်မှုတို့၏ ပစ်မှတ်ဖြစ်ခဲ့ရပြီး ၂၀၁၅ခုနှစ်တွင် အလားတူ ကိစ္စရပ်မျိုး ၁၁၆ခုသာ ရှိခဲ့ကြောင်း O Globo သတင်းဋ္ဌာနက လေ့လာချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

လက်ဝဲယိမ်း သမ္မတ Dilma Rousseff အား ဘဏ္ဍာငွေများ အလွဲသုံးစားပြုလုပ်မှုဖြင့် ကွန်ဆာဗေးတစ်လွှတ်တော် က ရာထူးမှဖြုတ်ချခဲ့သော ၂၀၁၆ခုနှစ်သည် ဘရားဇီးနိုင်ငံ ၌ နိုင်ငံရေး မငြိမ်သက်မှု အများဆုံးဖြစ်ပွားခဲ့သည့် နှစ်တစ်နှစ်ဖြစ်ကြောင်း သိရသည်။

သတင်းထောက်များအား ပစ်မှတ်ထား တိုက်ခိုက်မှု အများစုသည် သမ္မတ Dilma Rousseff အား ထောက်ခံသူများ နှင့် နှုတ်ထွက်ရန် လိုလားသူများ၏ အဓိကရုဏ်းများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.