Connect with us

Latin America

မက္ကဆီကိုတွင် မူးယစ်ဆေးဝါး မှောင်ခိုသမားဟု စွပ်စွဲခံရသူ ၁၂ ဦး အသတ်ခံရ

မူးယစ်ဂိုဏ်းသားများအား မက္ကဆီကို ရဲတပ်ဖွဲ့က ဖမ်းဆီးလာစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း Nayarit ပြည်နယ် Tepic မြို့တွင် ဖေဖော်ဝါရီလ ၉ ရက် ညပိုင်းက စစ်သားများနှင့် သေနတ်ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့မှုအတွင်း Beltran leyva မူးယစ်ဂိုဏ်း ၏ အဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများအနက် မူးယစ်ဂိုဏ်း၏ လက်ထောက်ဖြစ်သူ H2 ဟု လူသိများသော Juan Francisco Patron Sanchez လည်း သေဆုံးသွားခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ ရေတပ်နှင့် ကြည်းတပ်ဆိုင်ရာ ဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Patron Sanchez အား Nayarit ပြည်နယ်နှင့် Sinaloa ပြည်နယ်များတွင် Beltran leyva အဖွဲ့၏ ခေါင်းဆောင်အဖြစ် လူသိများနေသူ ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနက ရှင်းလင်းပြောကြားခဲ့သည်။

Beltran leyva မူးယစ်ဂိုဏ်းသည် ၁၉၉၀ ပြည့်လွန်နှစ်များက ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပြီး တောင်အမေရိကမှ အမေရိကန်နိုင်ငံအတွင်းသို့ ကိုကင်း အဓိက တင်သွင်း ရောင်းချနေကြောင်း၊ မူးယစ်ရာဇာ Joaquin “El Chapo” Guzman ၏ Sinaloa မူးယစ်ဂိုဏ်းနှင့် ပူးပေါင်းထားသည့် ဂိုဏ်းတစ်ခု ဖြစ်ကြောင်း၊ ယင်း ဂိုဏ်း နှစ်ခုသည် ၂၀၀၈ ခုနှစ်တွင်က ကွဲသွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၈ ရက်ကလည်း El Chapo ၏ မရီးဟောင်း ဖြစ်သူ Idalia Romelia Salazar အား မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း Jalisco ပြည်နယ်တွင် အမည်မသိ သေနတ်သမားတစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.