Connect with us

Latin America

အမေရိကန် နိုင်ငံ မှ ဗင်နီဇွဲလား နိုင်ငံ ဒုတိယ သမ္မတ အား မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း တွင် ပါဝင်သည်ဟု သံသယ ရှိသဖြင့် ပိတ်ဆို့အရေးယူကြောင်း ကြေညာ

ဗင်နီဇွဲလား နိုင်ငံ ဒုတိယ သမ္မတ Tareck El Aissami အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က ဗင်နီဇွဲလား နိုင်ငံ ဒုတိယ သမ္မတ Tareck El Aissami သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ဟု သံသယ ရှိသဖြင့် ပိတ်ဆို့အရေးယူမှုများ ကို ဆောင်ရွက်ခဲ့ကြောင်း ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် တွင် Aissami အနေဖြင့် ဗင်နီဇွဲလား နိုင်ငံ အတွင်း တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အတွက် အဆင်ပြေစေသည့် အခြေအနေများကို ဖန်တီးပေးသဖြင့် ၎င်းအား ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် Aissami ၏ လုပ်ငန်း များကို အဓိက ပါဝင်ကူညီပေး ခဲ့သည့် စီးပွားရေး သမား တစ်ဦးဖြစ်သည့် Samark Lopez ကိုလည်း တူညီသည့် အရေးယူမှု ချမှတ်ကြောင်း လည်းပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံသား များအနေဖြင့် Aissami နှင့် Lopez တို့နှင့် ဆက်ဆံမှုများပြုလုပ်ခြင်းကို တားမြစ်သွားမည် ဖြစ်ပြီး ထိုသူ နှစ်ဦး၏ အမေရိကန် နိုင်ငံ အတွင်းရှိ ပိုင်ဆိုင်မှု အားလုံးကိုလည်း ထိန်းချုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အသက် ၄၂ နှစ်ရှိပြီး ဖြစ်သည့် Aissami သည် ဆီးရီးယား ဇာတိ ဖြစ်ပြီး ဆီးရီးယား နှင့် လက်ဘနွန် တို့မှ ဗင်နီဇွဲလား နိုင်ငံ သို့ ရွှေ့ပြောင်းနေထိုင်သူ တို့၏ မျိုးဆက်ဖြစ်သည်။ ယခင်က ဗင်နီဇွဲလား နိုင်ငံ Aragua ပြည်နယ်မှူး တာဝန် ကိုလည်း ထမ်းဆောင် ခဲ့သူဖြစ်သည်။ ထို့ပြင် လုံခြုံရေး ဌာန တွင် အရေးပါသည့် ရာထူးကို ထမ်းဆောင် ခဲ့ပြီး ကွယ်လွန်ခဲ့ပြီးဖြစ်သည့် Hugo Chávez မှ ဗင်နီဇွဲလား သမ္မတ တာဝန်ထမ်းဆောင်ချိန်က ပြည်ထဲရေး နှင့် တရားရေး ဝန်ကြီးဌာန ဝန်ကြီး တာဝန် ကို ထမ်းဆောင် ခဲ့သူ ဖြစ်သည်။

Aissami အနေဖြင့် အမေရိကန် နိုင်ငံ ၏ အရေးယူ ဆောင်ရွက်မှု အပေါ် ယခုချိန်တွင် ပြန်လည် ဖြေရှင်းပြောကြားခြင်းမပြုလုပ်ခဲ့သော်လည်း ၎င်းအနေဖြင့် မည်သည့် ဒုစရိုက် လုပ်ငန်း ကိုမှ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း ကို ယခင်က အကြိမ်ကြိမ် ပြောဆိုခဲ့သည်။ Lopez ကမူ အမေရိကန် နိုင်ငံ ၏ ယခု ဆောင်ရွက်မှု သည် မည်သည့် အထောက်အထားမှမရှိသည့် ဆောင်ရွက်မှုဖြစ်ပြီး နိုင်ငံရေး ရည်ရွယ်ချက် အတွက် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆို ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.