Latin America
မက္ကဆီကို တောင်ပိုင်းတွင် ကားတစ်စီးအတွင်း၌ လူသေအလောင်း ၈လောင်း ရှာတွေ့

မက္ကဆီကို စီးတီး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံတောင်ပိုင်း မက္ကဆီကို-အကာပေါ်ကို အဝေးပြေးလမ်းမကြီးအနီး စွန့်ပစ်ထားသော SUV အမျိုးအစားယာဉ်တစ်စီးအတွင်း၌ အမျိုးသား ၈ဦး၏ ရုပ်အလောင်းများကို ရဲတပ်ဖွဲ့ဝင်များက ရှာတွေ့ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခု က ဧပြီ ၁၀ ရက်တွင်ဖော်ပြခဲ့သည်။
ပြည်နယ်ဒုတိယအကြီးအကဲဟောင်း Roger Arellano နှင့် အသက် ၁၃နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး သီးခြားစီ အသတ်ခံရခြင်း နှင့် Ixtapa အပန်းဖြေစခန်း ရှိ အရက်ဘားတစ်ခုတွင် အရက်သောက်နေသူ လေးဦး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းတို့ အပါအဝင် ယခုကဲ့သို့ လူသေအလောင်းများတွေ့ရှိခြင်းတို့သည် မက္ကဆီကိုနိုင်ငံ တောင်ပိုင်း Guerrero မူးယစ်ဆေးဝါးပြည်နယ် အတွက် သွေးစွန်းသည့် ရက်သတ္တပတ် တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ရုပ်အလောင်းများတွင် ညှင်းပန်းနှိပ်စက်ခံထားရသည့် လက္ခဏာများတွေ့ရပြီး အသက်ရှူကျပ်အောင်ပြုလုပ်၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ယင်း ရုပ်အလောင်းများအား Guerrero ပြည်နယ် မြို့တော် Chilpancingo မြို့ တွင် ဧပြီ ၉ ရက် ညပိုင်းက ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)