Latin America
မက္ကဆီကို တောင်ပိုင်းတွင် အင်အား ၅.၉ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်
																								
												
												
											မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
မက္ကဆီကို နိုင်ငံ တောင်ပိုင်းတွင် ဇူလိုင် ၁၉ ရက် အစောပိုင်းက အင်အား ၅.၉ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွားခဲ့ရာ မြို့တော် မက္ကဆီကိုစီးတီးမြို့ မှပင် ငလျင်ဒဏ်ကို ခံစားသိရှိရကြောင်း သိရသည်။
ငလျင်သည် Oaxaca ပြည်နယ် ရှိ Huajuapan de Leon မြို့ အနောက်တောင်ဘက် ၁၃ ကီလိုမီတာ ရှိ မြေပြင်အနက် ၆၃ကီလိုမီတာကို ဗဟိုပြု၍ ဒေသစံတော်ချိန် နံနက် ၈း၃၁နာရီ တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ငလျင်တိုင်းတာရေးဌာန (SSN) ကပြောကြားခဲ့သည်။
မက္ကဆီကို နိုင်ငံ အမျိုးသားပြည်သူ့ ကာကွယ်ရေးအကြီးအကဲ Luis Felipe Puente က ငလျင်စက်ကွင်း အတွင်း ကျရောက်နေသော မြို့တော် နှင့် အခြားမြို့များတွင် ထိခိုက်ပျက်စီးမှုများမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
