Connect with us

Latin America

ဘရာဇီး အဖွားအမွှာညီအမ၏ အသက်ရာပြည့်မွေးနေ့ပွဲ

အသက် ၁၀၀ ပြည့် အဖွား အမွှာညီအမအား တွေ့ရစဉ် (ဓါတ်ပုံ- အင်တာနက်)

ရီယိုဒီဂျနေးရိုး ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် အသက် ၁၀၀ ပြည့် အဖွားအမွှာညီအမ ၂ ဦးက ယခုရက်ပိုင်းများအတွင်းတွင် မွေးနေ့ပွဲကျင်းပခဲ့ကြောင်း သိရသည်။ စိတ်ရှည်သည်းခံတတ်ခြင်းနှင့် မမောက်မမာအေးအေးဆေး ဆေး နေတတ်သော စိတ်နေစိတ်ထားက အဖွားတို့၏ အသက်ရှည်ကြသည့် အကြောင်းဖြစ်နိုင်သည် ဟု ၎င်းတို့၏မိသားစုဝင်များက ဆိုပါသည်။

အမွှာညီအမများဖြစ်သည့် အဖွား အယ်လ်ဖက်လီနားနှင့် အဲလ်မလီနား သည် ၁၉၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသည်။ အယ်လ်ဖက်လီနားတွင် သား ၄ ယောက်၊ မြေး ၁၁ ယောက်နှင့် မြစ် ၂ ယောက်ရှိပြီး အဲလ်မလီနားတွင် သား ၁၀ ယောက်၊ မြေး ၂၆ ယောက်နှင့် မြစ် ၁၈ ယောက်ရှိသည်။ သားမြစ်များတွင်လည်း အသက် ၁၂ နှစ်အရွယ် အမွှာညီမ ၂ ယောက် ရှိကြောင်း သိရသည်။ “လယ်ယာလုပ်ငန်းက ပင်ပန်းတယ်။အဖွားတို့က ကျွန်တော်တို့ရဲ့စံနမူနာကောင်းဖြစ်သလို စိတ်ဓာတ်ခွန်အားလည်း ဖြစ်တယ်”ဟု ၎င်းတို့၏ သားသမီး မြေးမြစ်များက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.