Latin America
မီတာ ၁ဝဝ နှင့် မီတာ ၄ဝဝ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ဝင်ပြိုင်မည်ဟု အူစိန်ဘော့အတည်ပြု

ကင်းစတုန်း ၊ ဇူလိုင် ၂ဝ ရက်(ဆင်ဟွာ)
ဂျမေကာနိုင်ငံသား ကမ္ဘာ့တာတိုပြေးချန်ပီယံ အူစိန်ဘော့သည် အားကစားလောကမှ အနားမယူမီ နောက်ဆုံးယှဉ်ပြိုင်မှုတစ်ခုအဖြစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံ ပြိုင်ပွဲ (World Athletics Championships) တွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၉ ရက်တွင်အတည်ပြုပြောကြားလိုက်သည်။
၎င်းအနေဖြင့် မီတာ ၁ဝဝ ပြေးပွဲ နှင့် မီတာ ၄ဝဝ လက်ဆင့်ကမ်းပြေးပွဲ နှစ်ခုတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း နှင့် မီတာ ၂ဝဝ ပြိုင်ပွဲမှ နှုတ်ထွက်ထားကြောင်း အူစိန်ဘော့က အတည်ပြုပြောကြားခဲ့သည်။(Xinhua)