Connect with us

Latin America

ဥရုဂွေးနိုင်ငံ တွင် ဆေးခြောက်များ တရားဝင်ရောင်းချခွင့်ပေး

ဆေးခြောက်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မောန်တီဗီဒေးယိုး၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ဥရုဂွေးနိုင်ငံတွင် ဆေးခြောက် တရားမဝင်သုံးစွဲမှု နှင့် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတို့ကို တိုက်ဖျက်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခင်က တရားမဝင် ဖြစ်ခဲ့ဖူးသော ဆေးခြောက်များကို ဇူလိုင် ၁၉ရက်တွင် ဆေးဆိုင် ၁၆ဆိုင်၌ တရားဝင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

မောန်တီဗီဒေးယိုးမြို့ရှိ ဆေးခြောက်ဝယ်ယူသူတစ်ဦးဖြစ်သည့် Gonzalo က “ဆေးဆိုင်ထဲကို ဝင်လိုက်ပြီး ဆေးခြောက်ရလား မေးပါ။ ဆိုင်ဝန်ထမ်းက ဘယ်အမျိုးအစား ဆေးခြောက်ကို လိုချင်သလဲလို့ပြန်မေးပြီးတော့ လိုချင်တဲ့ ဆေးခြောက်အမျိုးအစားကို ပေးပါလိမ့်မယ်” ဟု El Observador နေ့စဉ် သတင်းစာသို့ ပြောကြားခဲ့သည်။

ဥရုဂွေးအစိုးရ သည် ၂၀၁၃ခုနှစ်တွင် ဥပဒေတစ်ခုကို အတည်ပြုပေးခဲ့ပြီး ယင်းဥပဒေအရ ဆေးခြောက် စိုက်ပျိုးခြင်း၊ ဖြန့်ဝေခြင်း နှင့် ရောင်းချခြင်းတို့ကို အစိုးရ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လက်တင်အမေရိကတွင် တိုးပွားလာသော ရာဇဝတ်ဂိုဏ်းများ၏ လက်မှ ယင်းဆေးခြောက်ရောင်းဝယ်ရေးဈေးကွက်ကို ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆေးခြောက်တရားဝင်ရောင်းချရေးဥပဒေကြမ်းအား သမ္မတဟောင်း Jose Mujica (၂၀၁၀-၂၀၁၅ခုနှစ်) က ဦးဆောင်ရေးဆွဲခဲ့ပြီး ၎င်းက မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ခြင်း နှင့် မူးယစ်ဆေးဝါးကြောင့်ဖြစ်ပွားသော တိုက်ပွဲများသည် ဒေသတွင်း စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေကြောင်း အထူးသဖြင့် ဥရုဂွေးနိုင်ငံကဲ့သို့ နိုင်ငံငယ်များအပေါ် ဆိုးကျိုးသက်ရောက်မှုပိုမိုများပြားစေကြောင်း ပြောကြားခဲ့သည်။

ဥရုဂွေးနိုင်ငံ တွင် ဆေးခြောက်အမျိုးအစား နှစ်မျိုးကို အလေးချိန် ငါးဂရမ်ပါ တစ်ထုပ်လျှင် ၁၈၇.၀၄ပီဆို (အမေရိကန် ဒေါ်လာ ၆.၆၇) ဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး မှတ်ပုံတင်ထားသော ဝယ်ယူသူများအနေဖြင့် တစ်ပတ်လျှင် ၁၀ ဂရမ် (သို့) တစ်လလျှင် ၄၀ ဂရမ်အထိ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.