Latin America
ရီယို ကျောင်းသား ၃၀,၀၀၀ အတွက် မသန်စွမ်း အိုလံပစ် အားကစား လက်မှတ်များ အခမဲ့ ပေးမည်

ရီယို ဒီ ဂျနေးရိုး၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
ရီယို ပြည်နယ် အစိုးရနှင့် ၂၀၁၆ ရီယို အိုလံပစ် ပွဲဖြစ်မြောက်ရေး ကော်မတီတို့၏ ကနဦး ပူးတွဲဆောင်ရွက်မှု အနေဖြင့် လာမည့်လတွင် ကျင်းပမည့် ရီယို မသန်စွမ်း အိုလံပစ် အားကစား ပွဲစဉ်များအတွက် အခမဲ့ လက်မှတ်များအား ရီယိုက ကျောင်းသား ဦးရေ ၃၀,၀၀၀ ကျော်ထံ ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း သိရသည်။
လက်မှတ်များရရှိသည့် ကျောင်းသားများအတွက် အိုလံပစ်ပွဲ ကျင်းပသည့်နေရာသို့ အခမဲ့ ပို့ဆောင်ပေးခြင်း၊ နေ့လည်စာ ကျွေးခြင်းနှင့် မသန်စွမ်း အိုလံပစ် တီရှပ်လက်ဆောင်ပေးခြင်း စသည်တို့ ပါဝင်မည် ဖြစ်ကြောင်း ဘရာဇီး အစိုးရပိုင် Agencia Brasil သတင်း ဝန်ဆောင်မှုက သြဂုတ်လ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
လက်မှတ်များကို ကိုယ်အင်္ဂ ါ မသန်စွမ်း ကလေးငယ်များအား ဦးစားပေး ပေးအပ်သွားမည် ဖြစ်ကြောင်း သိရ သည်။“ဒီ အဆိုပါပြုချက်ရဲ့ ရည်ရွယ်ချက်ကတော့ ကလေးငယ်တွေကို အားကစားနည်း အသစ်တွေကို သိရှိစေရန်နဲ့ မသန်စွမ်း အားကစားရဲ့ တန်ဖိုးကို ကိုယ်တွေ့ကြုံဖူးစေချင်တာတွေကြောင့် ဖြစ်တယ်” ဟု Agencia Brasil က ပြောသည်။
ယခုလအတွင်း ပြုလုပ်ခဲ့သည့် အိုလံပစ် ပွဲစဉ်များတွင်လည်း ရီယို ပြည်နယ် အစိုးရသည် ဘောလုံး၊ ကြက် တောင်၊ ဟော်ကီ၊ မြင်းစီး၊ သေနတ်ပစ်၊ ကနူးလှေပြိုင်ပွဲ၊ လက်ဝှေ့၊ စားပွဲတင် တင်းနစ်နှင့် အလေးမ စသည့် အားကစားပွဲများအတွက် လက်မှတ်များအား ကျောင်းသား ဦးရေ ၅၅,၀၀၀ ထံ ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။မသန်စွမ်း အိုလံပစ် အားကစား ပွဲစဉ်များအား စက်တင်ဘာလ ၇ ရက်မှ ၁၈ ရက် အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)