Connect with us

Latin America

ရီယို မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ လက်မှတ်များ တစ်ရက်တည်းဖြင့် စောင်ရေ၁၃၃,၀၀၀ကျော် ရောင်းချနိုင်ခဲ့

မသန်စွမ်းအားကစားတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယို ဒီ ဂျနေးရို၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရီယို မသန်စွမ်းအားကစားပြိုင်ပွဲ လက်မှတ်စောင်ရေ စုစုပေါင်း ၁၃၃,၀၀၀စောင်အား သြဂုတ်လ ၂၃ ရက်က ရောင်းချနိုင်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲ (သို့) မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ လက်မှတ် နေ့စဉ်ရောင်းချမှု၏ စံချိန်သစ်တစ်ခု ဖြစ်လာခဲ့ကြောင်း ပွဲကျင်းပသူများက သြဂုတ် ၂၄ တွင်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၂၁ရက် တွင် ရီယိုအိုလံပစ်ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် ရီယို၂၀၁၆မသန်စွမ်းအိုလံပစ်အားကစားပွဲ လက်မှတ် ဝယ်လိုအားသည် တဟုန်ထိုး မြင့်မားလာခဲ့ကြောင်း သိရသည်။
နိုင်ငံတကာ မသန်စွမ်းကော်မတီ အမှုဆောင်အရာရှိချုပ် Xavier Gonzalez က “သြဂုတ် ၂၁ မှာကျင်းပခဲ့တဲ့ ရီယို ၂၀၁၆ အိုလံပစ် ပိတ်ပွဲ အခမ်းအနားပြီး ကတည်းက မသန်စွမ်းအိုလံပစ်အားကစားပွဲ လက်မှတ် ဝယ်လိုအား မြင့်တက်လာခြင်းဟာ ကျွန်တော်တို့ကို များစွာ အားတက်စေပါတယ်” ဟုပြောကြားခဲ့သည်။
ထို့အပြင် “လွန်ခဲ့တဲ့ ၄၈နာရီ အတွင်းမှာပင် ကျွန်တော်တို့ရောင်းချခဲ့တဲ့ လက်မှတ် အရေအတွက် စုစုပေါင်းရဲ့ နှစ်ဆ အထိ တိုးမြင့်ရောင်းချနိုင်ခဲ့ပါတယ်” ဟု ၎င်းကပြောကြားသည်။
ရောင်းအား မြင့်တက်ခဲ့သည့် လက်မှတ်များတွင် ပြေးခုန်ပစ် အားကစားပွဲများ၊ ရေကူးအားကစား၊ ဘောလုံးအားကစား၊ ဝှီးချဲဘက်စကတ်ဘောအားကစား နှင့် ထိုင်ရက်ဘောလီဘောအားကစားပွဲများ ပါဝင်ကြောင်း သိရသည်။
ယခုအချိန်အထိ လက်မှတ်အစောင်ရေ စုစုပေါင်း ၆၀၀,၀၀၀ ကျော်ရောင်းချပြီးဖြစ်ကာ လက်မှတ်အစောင်ရေပေါင်း ၂.၅သန်း၏ ၂၀ရာခိုင်နှုန်းကျော် ဝယ်ယူရရှိနိုင်သေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.