Connect with us

Latin America

အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲထိုးကျမှုကြောင့် ပီရူးနိုင်ငံ လူ ၁၀ ဦး သေဆုံး ၊လူ ၂၀ ဒဏ်ရာရ

ပီရူးနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်က ခရီးသည်တင်ယာဉ်ချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

လီမာ၊နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံအလယ်ပိုင်း Huánucoပြည်နယ်တွင် နိုဝင်ဘာ ၂၄ ရက်က  အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီးတောင်ချောက်ထဲထိုးကျမှုဖြစ်ပွားရာ လူ ၁၀ ဦးသေဆုံးခဲ့ပြီး လူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Junín ပြည်နယ်မှစတင်ထွက်ခွာလာသော အဆိုပါအချင်းဖြစ် အဝေးပြေးယာဉ်ပေါ်တွင်  ခရီးသည် ၅၀ ပါဝင်ရာ  Huánuco ပြည်နယ်သို့အရောက်တွင် ရုတ်တရက် ယာဉ်ကြောလမ်းမှ ဖောက်ထွက်ကာ အနက် ၂၅၀ မီတာ ရှိသော တောင်ချောက်ထဲသို့ ထိုးကျသွားကြောင်း ပီရူးသတင်းမီဒီယာများ၏ ဖော်ပြချက်များအရသိရသည်။

အချင်းဖြစ်ပွားချိန်တွင် မြူမှုန်များပိတ်မှောင်နေကာ မြင်နိုင်ခြေနည်းခြင်း၊ လမ်းချော၊ ကားအရှိန်မြင့် ခြင်းကြောင့် အရှိန်ထိန်းမရ ဖြစ်ပွားခဲ့ရကြောင်း ကနဦးစုံစမ်းစစ်ဆေးချက်များအရ သိရသည်။ 

ယခုလ ၃ ရက်လည်း Junín ပြည်နယ် တောင်ပတ်ယာဉ်ကြောလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီးမြစ်ထဲထိုးကျမှုကြောင့် လူ ၈ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့သလို ၁၂ရက်ကလည်း La Libertad ပြည်နယ်တွင် အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီး ၃၀၀ မီတာ အနက်ရှိ တောင်ချောက်ထဲထိုးကျမှုကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.