Connect with us

Latin America

အမေရိကန်နိုင်ငံက ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေကြောင်း ကျူးဘားစွပ်စွဲ

ကျူးဘားနိုင်ငံ ဝန်ကြီးချုပ် ဘရူနို ရိုဒရီဂုဇ်အားတွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လျက်ရှိကြောင်း ကျူးဘားနိုင်ငံ ဝန်ကြီးချုပ် ဘရူနို ရိုဒရီဂုဇ် (Bruno Rodriguez) က နိုဝင်ဘာ ၂၆ ရက်က စွပ်စွဲလိုက်သည်။

အမေရိကန်နိုင်ငံအနေဖြင့် “ကျူးဘားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအား အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ကြားဝင်စွက်ဖက်စေခြင်းကို ခွင့်မပြုမည်မဟုတ်ကြောင်း” ရိုဒရီဂုဇ်က တွစ်တာပေါ်၌ ရေးသားထားသည်။

ထို့ပြင် “ယင်းသို့ လုပ်ဆောင်ခြင်းသည် တရားမဝင်ပြုမူမှုဖြစ်ကြောင်း၊ ဗီယင်နာသဘောတူညီချက်၊ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်တည်ထောင်မှုဆိုင်ရာ သဘောတူညီချက်၊ ကျူးဘားနှင့် အမေရိကန် ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း” ရိုဒရီဂုဇ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံက နိုင်ငံအတွင်း တန်ပြန်တော်လှန်ရေးသမားအဖြစ် သတ်မှတ်ထားပြီး အမေရိကန်က လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ် သတ်မှတ်ထားသော Jose Daniel Ferrer ၏ကိစ္စအား အမေရိကန်က အသုံးပြုခြင်းမှာ ကျူးဘားအား ရန်စရန် အကြောင်းပြချက်တစ်ခုဖြစ်ကြောင်း ရိုဒရီဂုဇ်က ဆိုသည်။

ကျူးဘားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ယာယီတာဝန်ခံ Mara Tekach သည် Ferrer ၏နောက်ကွယ်တွင် ရှိနေကြောင်း၊ ကျူးဘားပြည်သူများအကြား ကွဲပြားမှုနှင့် စိတ်ရှုပ်ထွေးမှုဖန်တီးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ကျူးဘားနိုင်ငံ Granma နေ့စဉ်သတင်းစာက ဖော်ပြထားသည်။ 

အမေရိကန် သမ္မတဟောင်း ဘားရတ်အိုဘားမားလက်ထက်က တင်းမာမှုလျော့ကျလာခဲ့သည့် ကျူးဘား-အမေရိကန် ဆက်ဆံရေးမှာ ထရမ့်အစိုးရလက်ထက်တွင်မူ ဆိုးရွားလာခဲ့ကြောင်း သိရသည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117