Latin America
၂၀၁၈ ခုနှစ်တွင် ဘရာဇီး သမ္မတ ရွေးကောက်ပွဲ သမ္မတဟောင်း လူလာ (Lula) ဝင်ရောက် ယှဉ်ပြိုင်မည်

ဘရာဇီးလာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ၂၀၁၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြောင်း သမ္မတဟောင်း Luiz Inacio Lula da Silva က ဇန်နဝါရီလ ၁၁ ရက်က အတည်ပြု ပြောကြားလိုက်သည်။
ယခုနှစ်အတွင်း ပထမဆုံးအကြိမ် အများပြည်သူသို့ ပြောကြားခဲ့သည့် မိန့်ခွန်း၌ ၎င်းက ၂၀၁၇ ခုနှစ်အတွင်း ၎င်း၏ ပုံရိပ်နှင့် ၎င်း၏ အလုပ်သမား ပါတီ နေရာပြန်ယူနိုင်ရန်အတွက် နိုင်ငံတစ်ဝန်း လှည့်လည် သွားလာရန်ရှိကြောင်း ပြောကြားခဲ့သည်။
၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သော ကာလတွင် လူလာသည် မြေယာမဲ့ အလုပ်သမားများ လှုပ်ရှားမှု တစ်ခုကို နိုင်ငံမြောက်ပိုင်း Salvador de Bahia တွင် ထူးခြားပြောင်မြောက်မှုများ လုပ်ဆောင်နိုင်ခဲ့သည်။
ဘရာဇီးနိုင်ငံ သမ္မတနေရာအတွက် မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ဘရာဇီးနိုင်ငံ စီးပွားရေးသည် ဆိုးဝါးစွာ ကျဆင်းနေကြောင်း၊ အများပြည်သူနှင့်ဆိုင်သော ရင်းနှီးမြှုပ်နှံမှုများမှတဆင့် စီးပွားရေး ပြန်လည် တိုးတက်အောင် ပြုလုပ်သင့်ကြောင်း၊ မိသားစု လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ၊ လုပ်ငန်းငယ်များနှင့် စားသုံးသူများအား ငွေကြေး အရင်းအနှီး ထုတ်ပေးရန် ပုဂ္ဂလိက ဘဏ်များ အသုံးပြုခြင်း အပါအဝင် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ပြောင်းလဲရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း လူလာက ပြောသည်။ (Xinhua)