Connect with us

Latin America

ဘရာဇီးမှာ Yellow Fever ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၀ ဦးရှိ

Yellow Fever ရောဂါပိုး ကူးစက်ခံရပါက ဖြစ်လေ့ရှိသော ရောဂါလက္ခဏာများကို သရုပ်ဖော်ပုံဖြင့် ပြသထားစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရိုး၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ Minas Germ ပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Yellow Fever ဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် အနည်းဆုံး လူပေါင်း ၃၀ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုပါ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိသူ ၁၁၀ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ဇန်နဝါရီလ ၁၂ ရက်က အတည်ပြုခဲ့သည်။

ပြည်နယ် ကျန်းမာရေး အတွင်းဝန်ရုံးအရ ယင်း ဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် လူ ၃၀ ဦး သေဆုံးခဲ့ကြောင်း၊ Yellow Fever ရှိကြောင်း စမ်းသပ် တွေ့ရှိသူ ၁၀ ဦးလုံးကိုလည်း ရောဂါပိုး ကူးစက်ခံရခြင်း အကြောင်းအား စစ်ဆေးနေကြောင်း သိရသည်။

ယခုလို ရက်သတ္တပတ် တစ်ပတ်အတွင်း ကူးစက်ခံရသူ ၄၈ ဦးမှ ၁၁၀ ဦးအထိ အရေအတွက် တိုးလာခြင်းသည် အတော်လေး ဆိုးဝါးသည်ဟု ဆိုသည်။

Yellow Fever သည် စိုးရိမ်ဖွယ် ဗိုင်းရပ်စ် ရောဂါ တစ်မျိုး ဖြစ်ပြီး ယင်း ရောဂါ ကူးစက်ခံရကာ အချိန်မီ ကုသမှု မခံရပါက တစ်ပတ်အတွင်း အသက် သေဆုံးနိုင်ကြောင်း၊ ရောဂါပိုးရှိသော ခြင်မ ကိုက်ခံရခြင်းမှတစ်ဆင့် အဓိက ကူးစက်နိုင်ကြောင်း သိရသည်။

အဆိုပါ ဗိုင်းရပ်စ်အား အများအားဖြင့် မျောက်များ၌ တွေ့ရလေ့ရှိသည်။ (Xinhua)