Latin America
ကော့စ်စတာ ရီကာတွင် ခရီးသည်တင် ရထား ခေါင်းချင်းဆိုင် တိုက်မိ၍ အနည်းဆုံး လူ ၁၀၆ ဦး ဒဏ်ရာ ရရှိ

ကော့စ်စတာ ရီကာ ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
ကော့စ်စတာ ရီကာနိုင်ငံ မြို့တော် San Jose တွင် ဧပြီလ ၈ ရက် နံနက်ပိုင်းက ခရီးသည်တင် ရထား နှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၀၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဆိုသည်။
အင်ဂျင်နီယာ နှစ်ဦးနှင့် လက်ထောက် နှစ်ဦး အပါအဝင် လူနာ ငါးဦးသည် အခြေအနေ စိုးရိမ်ရပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင် ပေးထားကြောင်း ကော့စ်စတာ ရီကာ နေ့စဉ် သတင်းစာ La Nacion က ဖော်ပြခဲ့သည်။ လူ ၄၁ ဦးမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး ၃၁ ဦးမှာ အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။
အဆိုပါ ရထား ခေါင်းချင်းဆိုင် တိုက်မိမှုသည် ဒေသစံတော်ချိန် နံနက် ၆း၃၀ နာရီတွင် San Jose မြို့ အနောက်ဘက် Pavas ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)