Connect with us

Latin America

ကျူးဘားနိုင်ငံ၏ အကြီးဆုံးနှင့်ခေတ်အမီဆုံး ရေပေါ်သင်္ဘောကျင်းကို တရုတ်နိုင်ငံက တည်ဆောက်ပေး

တရုတ်နိုင်ငံမှ တည်ဆောက်ပေးသော ရေပေါ်သင်္ဘောကျင်းအား ကျူးဘားနိုင်ငံသို့ လွှဲပြောင်းပေးအပ်စဉ် (ဆင်ဟွာ)

ဟာဗားနား၊နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှတည်ဆောက်ပေးသည့် ဝန်တင်အားတန်ချိန် ၂ ၂,၀၀၀ရှိသော ရေပေါ်သင်္ဘောကျင်း (floating dry dock) ကို အောက်တိုဘာ ၃၀ ရက်က China National Machinery Import and Export Corporation(CMC)မှ  ကျူးဘာနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ  အကြီးဆုံးသင်္ဘောကျင်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၎င်းမှာ ကျူးဘားနိုင်ငံတွင်သာမက ကာရီဘီယံတွင်ပါ အကြီးဆုံးနှင့်ခေတ်အမီဆုံး ဖြစ်ရာ ကျူးဘား ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ထိရောက်စွာမြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

 ဝန်တင်အားတန်ချိန် ၂ ၂,၀၀၀ရှိသော ရေပေါ်သင်္ဘောကျင်း (floating dry dock) ကို တွေ့ရစဉ်(ဆင်ဟွာ) 

ရေပေါ်သင်္ဘောကျင်း လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဟာဗားနားဆိပ်ကမ်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ရေပေါ်လွန်းကျင်း၏ စုစုပေါင်းအရှည်မှာ ၂၂၀ မီတာ အကျယ် ၄၈ မီတာ ရှိရာ အများဆုံး ဝန်တန်ချိန် ၈ သောင်း တင်ဆောင်နိုင်သည့်  သင်္ဘောကို  တည်ဆောက်ပြင်ဆင်နိုင်မည်ဖြစ်ပြီး လာမည့်နှစ်တွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ 

ကျူးဘားနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ပထမ ဒုတိယဝန်ကြီး Marta Oramas က  လက်ရှိကျူးဘားနိုင်ငံ၏ ရေပေါ်သင်္ဘောကျင်းများ နှစ်ရှည်ပြင်ဆင်မှုအားနည်းသောကြောင့်  သင်္ဘောပြင်ဆင်သည့် ဝန်ဆောင်မှုကို မပေးနိုင်ဖြစ်နေကြောင်း ၊ တရုတ်နိုင်ငံမှတည်ဆောက်ပေးသော ခေတ်မီ ရေပေါ်သင်္ဘောကျင်းက  ကျူးဘား၏ ရေကြောင်း သယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးတိုးတက်ရန် လေးနက်သည့်အဓိပ္ပါယ်ကို ဖော်ဆောင်ရာ ရေယာဉ်သင်္ဘော ပြင်ဆင်တည်ဆောက်ရေးစွမ်းရည်ကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.