Connect with us

Latin America

ကိုလံဘီယာနိုင်ငံ တွင် သမ္မတစီးနင်းသောလေတပ်ဖွဲ့အုပ်စုမှ ရဟတ်ယာဥ ် တစ်စီးပျက်ကျ

ပျက်ကျသွားခဲ့သော ကိုလံဘီယာလေတပ်မှ Bell ၄၁၂ ရဟတ်ယာဉ် အားတွေ့ရစဉ်(အင်တာနက်)

ဘိုဂိုတာ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

ကိုလံဘီယာသမ္မတစီးနင်းသော လေတပ်ဖွဲ့အုပ်စုတွင် ပါဝင်သည့်ရဟတ်ယာဉ်တစ်စီး ကိုလံဘီယာနိုင် ငံအလယ်ပိုင်းကျေးလက်ဒေသတစ်ခုတွင်ပျက်ကျခဲ့ရာလိုက်ပါလာသူခြောက်ဦးလုံးသေဆုံးခဲ့ရကြောင်း ကိုလံဘီယာလေတပ် က အောက်တိုဘာလ ၂၇ ရက်ကပြောကြားခဲ့သည်။

ကိုလံဘီယာလေတပ်ကကြေညာချက်တစ်စောင်ထုတ်ပြန်ရာ၌ လေတပ်၏ ရဟတ်ယာဉ်အမှတ် ၀၀၀၆ ပျက်ကျမှုကြောင့်အသက်ဆုံးရှုံးခဲ့ရသူခြောက်ဦးအတွက်အထူးဝမ်းနည်းပါကြောင်းဖေါ်ပြခဲ့သည်။ရဟတ်ယာဉ်က အောက်တိုဘာလ ၂၅ ရက်ကပျက်ကျခဲ့ခြင်းဖြစ်သော်လည်း အာဏာပိုင်များအနေဖြင့် အောက်တိုဘာလ ၂၇ ရက်နံနက်တိုင်အောင် ပျက်ကျသည့်နေရာ အတိအကျနှင့် သေဆုံးသူအရေအ တွက် ကိုအတည်မပြုနိုင်ခဲ့ပေ။အဆိုပါ Bell ၄၁၂ ရဟတ်ယာဉ်  ပျက်ကျမှုက ရာသီဥတုဆိုးရွားမှုကြောင့်ဖြစ်ပွားခဲ့ရခြင်းဟု ယုံကြည်ရ ပြီး ထိုရဟတ်ယာဉ်ဖြင့်အကြိမ်ပေါင်းများစွာ ခရီးသွားခဲ့သူ ကိုလံဘီယာသမ္မတ အီဗန်ဒူကွီး ကလည်း ရ ဟတ်ယာဉ်ပျက်ကျမှုတွင်သေဆုံးရသူများ၏ မိသားစုများအတွက် စာနာပါကြောင်းပြောကြားခဲ့သည်။(Xinhua)