Connect with us

Latin America

ခေတ်သစ်ပိုးလမ်းမကြီးက လက်တင်အမေရိကအတွက် ဖန်တီးပေးသည့် အခွင့်အလမ်းကောင်းများကို လက်မလွှတ်သင့်ဟု ပနားမား စီးပွားရေးပညာရှင်ဆို

တရုတ်နိုင်ငံနှင့်ပနားမားနိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်သည့် အထိမ်းအမှတ်အဖြစ် ၂၀၁၇ခုနှစ် ဇွန်လ ၁၂ ၇က်က ပနားမားနိုင်ငံ ပနားမားစီးတီးတွင် နှစ်နိုင်ငံအလံများဝှေ့ရမ်းကာ မီးရှူးမီးပန်းများ ပစ်ဖောက်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပနားမားစီးတီး ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ အဆိုပြုသော ခေတ်သစ်ပိုးလမ်းမကြီးသည် လက်တင်အမေရိကအတွက် ဖွံ့ဖြိုးရေးအခွင့်အလမ်းကောင်းများ ဖန်တီးပေးလျက်ရှိရာ လက်မလွှတ်သင့်ကြောင်း ပနားမားနိုင်ငံ စီးပွားရေးပညာရှင် အက်ဒီတာပီရိုက ဆင်ဟွာ၏ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။

လက်တင်အမေရိကနိုင်ငံများအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် မိမိနိုင်ငံ၏ ဖွံ့ဖြိုးရေးကို တိုးမြှင့်လုပ်ဆောင်နိုင်သလို ခေတ်သစ်ပိုးလမ်းမကြီးကလည်း လက်တင်အမေရိကနိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ထပ်ဖြည့်တန်ဖိုးမြင့်ကုန်ပစ္စည်း(high-value-added product)များအတွက် ဈေးကွက်ကြီးတစ်ခုကို ဖန်တီးပေးမည်ဖြစ်ကြောင်း အက်ဒီတာပီရိုက ဆိုသည်။

ပနားမား တူးမြောင်းစီမံခန့်ခွဲမှု ဌာနတွင် တာဝန်ထမ်းဆောင်နေသော အက်ဒီတာပီရိုသည် အတွေ့အကြုံရင့်ကျက်သည့် ဘဏ္ဍာရေး မဟာဗျူဟာဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ပနားမား-တရုတ် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှု ဆွေးနွေးညှိနှိုင်းရေးအဖွဲ့၏ အကြံပေး လည်း ဖြစ်သည်။ ၎င်းသည် ယမန်နှစ်က ထုတ်ဝေသည့် “ခေတ်သစ်ပိုးလမ်းမကြီးနှင့်ပနားမား”ဟူသော စာအုပ်တွင် ခေတ်သစ်ပိုးလမ်းမကြီးအကြောင်းကို မိတ်ဆက်ရေးသားထားသလို ပနားမား သည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးနှင့်ဘဏ္ဍာရေးစင်တာအနေဖြင့် ပါဝင်သည့်အခန်းကဏ္ဍကို လည်း အလေးထားရေးသားခဲ့ကြောင်းသိရသည်။

“စာဖတ်ပရိသတ်များ ကျွန်တော့်စာအုပ်ကနေပြီး တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဘက်စုံပိုမို သိရှိ နားလည်လာစေဖိုမျှော်လင့်သလို လက်တင်အမေရိကနိုင်ငံများကလည်း ခေတ်သစ်ပိုးလမ်းကြီးနဲ့ ပတ်သတ်လို့ မူဝါဒတွေချမှတ်တဲ့အခါမှာ လေ့လာကိုးကားနိုင်ဖို့ သတင်း အချက်အလက်များ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု အက်ဒီတာပီရိုဆိုသည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အံအားသင့်ဖွယ်ကောင်းရာ ၎င်း၏ဖွံ့ဖြိုးရေးအတွေ့အကြုံကို လက်တင်အမေရိက နိုင်ငံများအနေဖြင့် အတုယူထိုက်ကြောင်း ပြောကြားခဲ့သည်။

အက်ဒီတာပီရိုက လက်တင်အမေရိကရှိအချို့နိုင်ငံများတွင် အသုံးချနိုင်မည့် စိုက်ပျိုးမြေယာများရှိ သော်လည်း ပြည်တွင်းသယ်ယူပို့ဆောင်ရေးစားရိတ်စကကြီးခြင်း စသည့်အကြောင်းအရာများကြောင်း ကောင်းမွန်စွာအသုံးချနိုင်ခြင်းမရှိဖြစ်နေကြောင်း ၊ ခေတ်သစ်ပိုးလမ်းကြီး မူဘောင်တွင်းရှိ ပူးပေါင်း ဆောင်ရွက်မှုများက သယ်ယူပို့ဆောင်ရေးစားရိတ်စကများကို လျော့နည်းသွားစေမည်ဖြစ်သလို ဒေသချင်း၊နိုင်ငံချင်းဆက်သွယ်မှုကို တိုးမြင့်နိုင်မည်ဖြစ်ရာ ထိုမှတစ်ဆင့် စိုက်ပျိုးမြေယာအသုံးချနိုင်မှု နှင့် ကုန်သွယ်ရေးအသွားအလာကို တွန်းအားပေးတိုးမြင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ခေတ်သစ်ပိုးလမ်းမကြီးသည် လက်တင်အမေရိကနိုင်ငံများရှိ အချို့မဖွံ့ဖြိုးသေးသောဒေသများ၏ အခြေခံအဆောက်အဦလိုအပ်ချက်များကို ကောင်းမွန်လာအောင် အထောက်အကူပြုစေမည်ဖြစ်သလို ဖွံ့ဖြိုးရေးအတွက်လည်း ရင်းနှီးမြှုပ်နှံမှုများကို သယ်ဆောင်ပေးနိုင်မည်ဖြစ်သည် ဟု ဆိုသည်။

ခေတ်သစ်ပိုးလမ်းမကြီးသည် တစ်ဦးတစ်ဖက်အကျိုးဖြစ်စီမံကိန်းမဟုတ်ဘဲ မိတ်ဆွေသင်္ဂဟအချင်းချင်းအပြန်အလှန်ကူညီဆောင်ရွက်မှုဖြစ်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာကြီးတစ်စည်းတစ်လုံးတည်းဖြစ်စေရန် တွန်းအားဖြစ်စေပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း အက်ဒီတာပီရိုက ပြောကြားခဲ့သည်။ (Xinhua)