Connect with us

Latin America

ခွဲစိတ်မှု ခံယူပြီးနောက် ပီလီ၏ ကျန်းမာရေးပြန်လည်ကောင်းမွန်လာ

ကမ္ဘာကျော်ဘောလုံးသမားပီလီအားတွေ့ ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ)

ဘရာဇီးဂန္တဝင်ဘောလုံးသမား ပီလီသည် ဆေးရုံး၌ ကျောက်ကပ်တစ်လုံးခွဲစိတ်ကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ဆရာဝန်များက ဧပြီ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

အသက် ၇၈ နှစ်အရွယ် ပီလီသည် PSG အသင်း နှင့် ပြင်သစ်လက်ရွေးစင်ကစားသမား အမ်ဘာပေ(Mbappe) နှင့်အတူ အခမ်းအနားတစ်ခုသို့တက်ရောက်ခဲ့ပြီးနောက် ဧပြီ ၂ ရက်က ပြင်သစ်နိုင်ငံရှိ ဆေးရုံတစ်ခုသို့ အရေးပေါ် တက်ရောက် ဆေးကုသမှုခံယူခဲ့ရသည်။

ဆေးရုံမှ ဆင်းပြီးနောက် ဧပြီ ၈ ရက်တွင် ဘရာဇီးနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့သော်လည်း ၎င်း၏ကျန်းမာရေးအခြေအနေမှာ ပြန်လည်ဆိုးရွားလာသဖြင့် ဆာအိုပေါ်လိုမြို့ရှိ အယ်လ်ဘတ်အိုင်းစတိုင်းဆေးရုံသို့အရေးပေါ်ပြန်လည်တက်ရောက်ခဲ့ရသည်။

ပီလီ၏ကျန်းမာရေးနှင့်ပတ်သက်၍ ထုတ်ပြန်သောကြေညာချက်တစ်စောင်တွင် “ ခွဲစိတ်ကုသမှုမှာ အောင်မြင်ကြောင်း နှင့် လူနာမှာ ၎င်း၏ အခန်းသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း” ဖော်ပြထားသည်။

ပီလီသည် ကမ္ဘာ့ဖလားချန်ပီယံ ၃ ကြိမ်ဆွတ်ခူးရရှိခဲ့သည့် တစ်ဦးတည်းသော ဘောလုံးသမားဖြစ်ပြီး ပြိုင်ပွဲစုံ ၁၃၆၃ ပွဲတွင် စုစုပေါင်း ၁၂၈၁ ဂိုးထိ သွင်းယူပေးခဲ့ကြောင်း သိရသည်။ ပီလီသည် သမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံးသော အားကစားသမားများထဲတွင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

မကြာသေးမီနှစ်များက ၎င်းသည် ဆီးကြိတ်ပြဿနာများအပါအဝင် အခြားသောရောဂါများကြောင့် မကြာခဏဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။(Xinhua)