Connect with us

Latin America

တစ်နေ့လျှင် ကြက်ဥ တစ်လုံးစားခြင်းက လေဖြတ်ခြင်းကို ကာကွယ်နိုင်

ကြက်ဥ ပြုတ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တစ်နေ့လျှင် ကြက်ဥ တစ်လုံး စားသုံးခြင်းက လေဖြတ်ခြင်းအား ၁၂ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း အမေရိကန် ကြက်ဥလုပ်ငန်းဆိုင်ရာ ဘုတ်အဖွဲ့ (American Egg Board) က ပြုလုပ်ခဲ့သည့် လေ့လာမှုအသစ် တစ်ခုက နိုဝင်ဘာလ ၁ ရက်က ပြောကြားခဲ့သည်။

အဆိုပါ တွေ့ရှိမှုများသည် ၁၉၈၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကြက်ဥ စားသုံးခြင်းနှင့် နှလုံးရောဂါ ဖြစ်ပွားခြင်း (၂၇၆,၀၀၀ ဦး) နှင့် လေဖြတ်ခြင်း (၃၀၈,၀၀၀ ဦး)တို့အကြား ဆက်စပ်မှုများအား စနစ်တကျ လေ့လာ ဆန်းစစ်မှုအား အခြေခံထားခြင်း ဖြစ်သည်။

နေ့စဉ် ကြက်ဥ တစ်လုံးနှင့် အထက် စားသုံးခြင်းသည် နှလုံး သွေးလွှတ်ကြောနှင့် ဆက်စပ်မှု မရှိသော်လည်း လေဖြတ်နိုင်ခြင်းကိုမူ ၁၂ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။

အမေရိကန် EpidStat Institute ၏ စုံစမ်းစစ်ဆေးရေး ကျောင်းအုပ် ဒိုမီနစ် အလက်ဇန်ဒါးက ကြက်ဥ စားသုံးခြင်းနှင့် လေဖြတ်ခြင်း ဆက်စပ်မှု ရှိပုံအား နားလည်နိုင်အောင် ပိုမိုလုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ကြက်ဥ၌ အာဟာရအတွက် Antioxidants အပါအဝင် အာဟာရအတွက် ကောင်းမွန်သည့် အချက်များစွာ ရှိနေသလို ကြက်ဥက ထူးကဲသည့် အသားဓာတ်၏ အရင်းမြစ်တစ်ခု ဖြစ်သည်။

အရွယ်အစား ကြီးမားသည့် ကြက်ဥ တစ်လုံးသည် အရည်အသွေးမြင့် အသားဓာတ်နှင့် Amtioxidants lutein နှင့် Zeaxanthin တို့အား ၆ ဂရမ် မြှင့်တင်ပေးနိုင်ကြောင်း၊ ကြက်ဥ အနှစ်တွင်လည်း ဗီတာမင် အီး၊ ဒီ နှင့် အေ (Vitamin E,D, A) များ ပါဝင်ကြောင်း လေ့လာမှုက ဆိုသည်။

ယခု တွေ့ရှိခဲ့သည့် လေ့လာမှု အသစ်အား အမေရိကန် ကြက်ဥလုပ်ငန်းအတွက် သုတေသနနှင့် အရောင်း မြှင့်တင်ရေး အဖွဲ့ ဖြစ်သည့် American Egg Board က တည်ထောင်ထားသော America College of Nutrition ဂျာနယ်၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.