Connect with us

Latin America

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ချီလီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိနှင့် ချီလီနိုင်ငံခြားရေးဝန်ကြီး Roberto Ampuero တို့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဗျူနိုအဲရစ် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် အာဂျင်တီးနားနိုင်ငံ ဗျူနိုအဲရစ်မြို့(Buenos Aires)တွင် ကျင်းပသည့် G20 နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်စဉ်အတွင်း ချီလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Roberto Ampuero နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ချီလီနိုင်ငံသည် လက်တင်အမေရိကရှိ တရုတ်နိုင်ငံ၏ ချစ်ကြည် ရင်းနှီးသောနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ပထဝီမြေအနေအထားအရ ဝေးကွာလှသော်လည်း တံခါးဖွင့်ဝါဒနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ကြောင့် နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ နီးနီး ကပ်ကပ်ရှိကြောင်း၊ ယခုနှစ်ပိုင်းများတွင် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ လျင်မြန်စွာ တိုးတက်လျက်ရှိရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသည့်အကျိုးအမြတ်များ ဖန်တီးပေး နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။ ထို့အပြင် ချီလီအစိုးရက ချီလီနှင့်တရုတ်နိုင်ငံ၏ ဆက်ဆံရေးကို အလေးထားဆောင်ရွက်သည့်အတွက် ဝမ်းမြောက်ကြောင်း၊ “ခေတ်သစ်ပိုးလမ်းမကြီး”စီမံကိန်းက ချီလီ၏ “၂၀၂၅ ရင်းနှီးမြုပ်နှံမှု စီမံချက်” နှင့်အတူ အခြေခံ အဆောက်အအုံတည်ဆောက်ရေး၊အပြန်အလှန်ဆက်သွယ်သွားလာနိုင်ရေးစသည့် နှစ်ဖက်အကျိုး ဖြစ်ထွန်းမည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပြီး ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ဆောင်ရွက် ကာ အတူဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း ၊ချီလီနိုင်ငံသည် တရုတ်-လက်တင်အမေရိကား ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရေးတွင် စံနမူနာအနေဖြင့် ဆက်လက်လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-ချီလီ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၏အနာဂတ်အလားအလာကို ယုံကြည်မှုအပြည့်၊ မျှော်လင့်ချက်အပြည့်ရှိကြောင်း ဝမ်ရိက ဆက်လက် ပြောကြားခဲ့သည်။

ချီလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Roberto Ampuero ကလည်း ချီလီ-တရုတ် ဆက်ဆံရေးသည် အလွန် ကောင်းမွန်ကြောင်း၊ တရုတ်နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်ရေးကို ထိန်းသိမ်းကာကွယ်ခြင်း၊ ပွင့်လင်းသည့်ကမ္ဘာ့စီးပွားရေးစနစ်တည်ဆောက်ခြင်း စသည့်ရပ်တည်ချက်များသည် ချီလီ၏အရေးပါ သည့် နိုင်ငံခြားရေးမူဝါဒ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ၊ ချီလီနိုင်ငံအနေဖြင့် One China ပေါ်လစီကို ခိုင်မြဲစွာလက်ခံကြောင်း ၊ တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ် တည်ငြိမ်ရေးအတွက် ဆောင်ရွက်မှု များ နှင့် မြောက်ကိုရီးယား ကျွန်းဆွယ် နျူကလီးယားပြဿနာကို နိုင်ငံရေးဖြင့် ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်မှုများကို ကျေနပ်အားရကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ၎င်းက ယဉ်ကျေးမှု ၊ပညာရေး စသည့်ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားလိုကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းကို လက်တင်အမေရိကအထိ တွင်ကျယ်လာရန်မျှော်လင့်ကြောင်း၊ တရုတ်လုပ်ငန်းများ ချီလီသို့လာရောက် ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည် ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.