Connect with us

Latin America

ဗင်နီဇွဲလားသမ္မတ မာဒူရို ရွေးကောက်ပွဲအပြီး သမ္မတအဖြစ် ပြန်လည်တင်မြှောက်ခံရ

ဒုတိယအကြိမ် သမ္မတ အဖြစ် ပြန်လည်တင်မြှောက်ခံရသည့် ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရို အားတွေ့ရစဉ် (ဆင်ဟွာ)

ကာရာကာ့စ်၊ မေ ၂၁ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရို သည် မေ ၂၀ ရက်တွင် ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိပြီး ဒုတိယအကြိမ်မြောက် ၆နှစ်တာ သက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံရကြောင်း အမျိုးသားရွေးကောက်ပွဲကောင်စီ (CNE) ကပြောကြားခဲ့သည်။

ရွေးကောက်ပွဲရလဒ်များကို CNE ဥက္ကဋ္ဌ Tibisay Lucena က မေလ ၂၀ရက် နှောင်းပိုင်းတွင် ကြေညာခဲ့ကြောင်း သိရသည်။၎င်းက မဲရုံများသို့ ဗင်နီဇွဲလားနိုင်ငံသား ၈.၆သန်းကျော်လာရောက်ခဲ့ကြောင်း၊ မဲပေးသူ ၄၆.၀၁ရာခိုင်နှုန်းရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မာဒူရိုအား သည် မဲဆန္ဒရှင်ပေါင်း ၅.၈သန်းကျော်က ထောက်ခံမဲပေးကာ ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် ပြိုင်ဘက် Henri Falcon က ထောက်ခံမဲ ၁.၈သန်းဖြင့် ရပ်တည်နေပြီး တတိယမြောက်နေရာတွင် Javier Bertucci က မဲအရေအတွက် ၉၂၅,၀၄၂ ဖြင့်ရပ်တည်နေကြောင်း သိရသည်။အမျိုးသားရွေးကောက်ပွဲကောင်စီ (CNE) က မဲအရေအတွက် ၉၂ရာခိုင်နှုန်းကျော် အား ရေတွက်ပြီးချိန်တွင် ရလဒ်များအား ကြေညာခဲ့ခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117