Connect with us

Latin America

နိုင်ငံတကာ လက်နက်ကုန်သွယ်မှု သဘောတူစာချုပ်မှ အမေရိကန် နုတ်ထွက်ရန်ရှိကြောင်း ထရမ့်ပြော

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် အိုဘားမား (Obama) အစိုးရလက်ထက်က လက်မှတ်ရေးထိုးခဲ့သော နိုင်ငံတကာ လက်နက်ကုန်သွယ်မှု သဘောတူစာချုပ်မှ နုတ်ထွက်သွားမည် ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဧပြီလ ၂၆ ရက်တွင် ကြေညာလိုက်သည်။

ထရမ့်သည် အင်ဒီယားနားပိုလစ်စ်မြို့တွင် ပြုလုပ်သော အမျိုးသားရိုင်ဖယ်သေနတ်အသင်း နှစ်ပတ်လည် အစည်းအဝေး တက်ရောက်စဉ် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“လက်မှတ်ထိုးတာကို ကျွန်တော်တို့ နောက်ပြန်ဆုတ်သွားမယ်” ဟု ထရမ့်က အစည်းအဝေး တက်ရောက်လာသူများအား ပြောခဲ့သည်။

သမားရိုးကျ လက်နက်များ နိုင်ငံတကာကုန်သွယ်ရေးစည်းကမ်းဖြင့် ထိန်းသိမ်းထားသော လက်နက်ကုန်သွယ်မှု သဘောတူစာချုပ် (Arms Trade Treaty= ATT) အား အမေရိကန် သမ္မတဟောင်း ဘာရတ်အိုဘားမား (Barack Obama) က ၂၀၁၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အမေရိကန် အထက်လွှတ်တော်က တရားဝင်သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။

အဆိုပါ သဘောတူညီချက်မှာ “မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း” နှင့် အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏ မဟာမိတ်များနှင့် မိတ်ဖက်များအား လက်နက်များ ရောင်းချနိုင်စွမ်းအား ဘောင်ခတ်ထားသည်ဟု အိမ်ဖြူတော်က ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.