Connect with us

Latin America

နေမား၏ အကောင်းဆုံးခြေစွမ်းဖြင့် အိုလံပစ်ဘောလုံးပြိုင်ပွဲတွင် ဘရာဇီးဗိုလ်စွဲ

ဘရာဇီး အသင်းအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရို ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

ဘရာဇီးအသင်းသည် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဂျာမနီအသင်းအား ဂိုးပြတ်ရှုံးနိုမ့်ထားခဲ့သည့် အရိပ်မည်းကို သြဂုတ်လ ၂ဝ ရက်က ကျင်းပခဲ့သည့် ရီယိုအိုလံပစ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်၌ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူ၍ ပြန်လည် ချေဖျက်နိုင်ခဲ့ပြီဖြစ်သည်။

မာရာဂါနာဘောလုံးပြိုင်ကွင်းတွင်ကျင်းပခဲ့ ဗိုလ်လုပွဲစဉ်တွင် ဘရာဇီးအသင်းသည် ဂျာမနီအသင်းအား ပင်နယ်တီအဆုံးအဖြတ် ၅ ဂိုး- ၄ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။အဆိုပါ နှစ်သင်းသည် ပွဲချိန် မိနစ်ကိုးဆယ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေပြီး အချိန်ပို မိနစ်၃ဝ ထပ်ကစားခဲ့ရာ မည်သူမှ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပေ။ ဘရာဇီးအသင်းအတွက် ဗွေဆော်ဦးဂိုးကို တိုက်စစ်မှူးနေမားက အလွတ်တည်ကန်ဘောဖြင့် လှလှပပသွင်းယူပေးခဲ့ပြီး ပွဲချိန်၅၉ မိနစ်တွင် ဂျာမနီအသင်းအတွက် ချေပဂိုးကို အသင်းခေါင်းဆောင် Max Meyer ကပြန်လည်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဘရာဇီး အသင်းအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘရာဇီး အသင်းအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘရာဇီး အသင်းအောင်ပွဲခံနေစဉ် (ဆင်ဟွာ)

၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားအကြိုဗိုလ်လုပွဲစဉ်တွင် ဘရာဇီးအသင်းသည် ဂျာမနီအသင်းအား ၇ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိုမ့်ခဲ့ပြီး အဆိုပါအရိပ်မည်းကြီးကို ချေဖျက်ရန် ယခုဗိုလ်လုပွဲစဉ်သည် ဘရာဇီးအသင်းအတွက် ဂုဏ်သိက္ခာပိုင်းအရ အလွန်အရေးကြီးသော ပွဲစဉ်တစ်ခုဖြစ်ခဲ့သည်။
၎င်းနှစ်သင်းစလုံးသည် ပင်နယ်တီ လေးလုံးစီ ကန်သွင်းပြီးချိန်ထိ အမှားအယွင်းမရှိဘဲ နှစ်ဖက်စလုံးဂိုးသွင်းနိုင်ခဲ့သည်။
ဂျာမနီ အသင်းအတွက် ၅ လုံးမြောက် ပင်နယ်တီကို Nils Petersen ကကန်သွင်းခဲ့ရာတွင် ဘရာဇီးဂိုးသမား Weverton က အောင်မြင်စွာကာကွယ်နိုင်ခဲ့သည်။ ဘရာဇီးအသင်းအတွက် အဆုံးအဖြတ် ၅ လုံးမြောက် ပင်နယ်တီကို တိုက်စစ်မှူးနေမားက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး ပင်နယ်တီ ၅ ဂိုး-၄ဂိုးဖြင့် ဘရာဇီးအသင်းဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။
ဘရာဇီးအသင်းသည် ယခင်က ကမ္ဘာ့ဖလား ၅ ကြိမ်ထိ ဗိုလ်စွဲထားသော်လည်း အိုလံပစ်ပြိုင်ပွဲတွင် တစ်ကြိမ်တစ်ခါမျှ ဗိုလ်စွဲခဲ့ဘူးခြင်းမရှိပါ။ ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ရီယိုအိုလံပစ်ပြိုင်ပွဲမှသာ ဘရာဇီးအတွက် ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မာရာဂါနာပြိုင်ကွင်းတွင်ကျင်းပခဲ့သည့် ဗိုလ်လုပွဲစဉ်အား ပရိသတ် ၇၈ဝဝဝ တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.