Connect with us

Latin America

၅၂ နှစ်ကြာဖြစ်ပွားခဲ့သော ကိုလံဘီယာပြည်တွင်းစစ် အဆုံးသတ်ပြီ

ကိုလံဘီယာအစိုးရ နှင့် အတိုက်အခံအကြား ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးအပြီးမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟာဗားနား ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံအစိုးရ နှင့် ကိုလံဘီယာတော်လှန်ရေးတပ်မတော် (FARC) တို့အကြား ငြိမ်းချမ်းရေးအတွက် လေးနှစ်ကြာဆွေးနွေးမှုများပြုလုပ်အပြီးတွင် သြဂုတ်လ ၂၄ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အပြီးသတ်လက်မှတ်ရေးထိုးခြင်းကို သူပုန်တပ်ဖွဲ့ကိုယ်စား FARC ညှိနှိုင်းရေးမှူးချုပ် တပ်မှူး Ivan Marquez နှင့် အစိုးရအဖွဲ့ကိုယ်စား Humberto de la Calle တို့နှစ်ဦးက လက်မှတ်ရေးထိုးခဲ့ပြီး ကျူးဘားနိုင်ငံမှ Rodolfo Benitez နှင့် နော်ဝေနိုင်ငံမှ Dag Nylader တို့နှစ်ဦးက အသိသက်သေ အာမခံသူများအဖြစ် အသီးသီးပါဝင်လက်မှတ်ရေးထိုးပေးကြောင်း သိရသည်။
အဆိုပါ လက်မှတ်ထိုးပွဲအပြီးတွင် ကိုလံဘီယာအစိုးရအဖွဲ့ဝင် De la Calle က “ စစ်ပွဲတွေအဆုံးသတ်ပြီးငြိမ်းချမ်းရေးစကားပြောဖို့အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်။ ငြိမ်းချမ်းရေးအတွက် အခွင့်အရေးပေးရမယ့် အခိုက်အတန့်လေးပါပဲ” ဟု ဝမ်းမြောက်စကားဆိုခဲ့သည်။
ကိုလံဘီယာနိုင်ငံ၌ ၅၂ နှစ်ကြာ ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်သည် အဆုံးသတ်သွားပြီဖြစ်ကာ ပြည်သူများအတွက် ငြိမ်းချမ်းရေးရောင်ခြည်သန်းခဲ့ပြီဖြစ်သည်။
နှစ်ဖက်စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ကျူးဘားနိုင်ငံ ဟာဗားနားမြို့၌ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် အစိုးရ နှင့် သူပုန်တပ်ဖွဲ့တို့အကြား ဆင်းရဲသားလယ်သမားများအတွက် မြေယာရရှိရေး ၊ ပြောက်ကြားတပ်ဖွဲ့ဝင်များအား တရားဝင်နိုင်ငံရေးပါတီအဖြစ်ရပ်တည်ခွင့်အသွင်ပြောင်းရေး ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ၊ မြေမြှုပ်မိုင်းရှင်းလင်းရေး နှင့် ပျောက်ဆုံးနေသူများအား ရှာဖွေရေး မူဘောင်များကို သဘောတူညီမှုရရှိခဲ့သည်။
ကိုလံဘီယာအစိုးရ နှင့် FARC သူပုန်တို့အကြား မြေယာကိစ္စ ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ ၁၉၆၀ ပြည့်နှစ်များတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများကြောင့် ကိုလံဘီယာပြည်သူ ၂၆ဝဝဝဝ ကျော်အသက်ဆုံးရှုံးခဲ့ပြီး ၄၅ဝဝဝ ပျောက်ဆုံးခဲ့ရသည်။ ထို့ပြင် လူပေါင်း ၇ သန်းကျော်မှာ အိုးအိမ်များစွန့်ခွာထွက်ပြေးခဲ့ရကြောင်း တရားဝင်စာရင်းဇယားများအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.