Connect with us

Latin America

ပင်လယ်ထဲတွင် ပျောက်ဆုံးသွားသည့် ရွှေ့ပြောင်းဒုက္ခသည် ၁၉ ဦးအား ဘရာဇီး ရှာဖွေ

ဒုက္ခသည်များ စီးလာသည့် လှေများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယို ဒီဂျနေးရို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

နိုဝင်ဘာလနှင့် ဒီဇင်ဘာလအကြား ကာရေဘီယံပင်လယ်အတွင်း လှေမှောက်ကာ ပျောက်ဆုံးခဲ့သည်ဟု ယုံကြည်ရသော ဘရာဇီးနိုင်ငံသား ၁၉ ဦးရှိကြောင်း ဒီဇင်ဘာလ ၂၅ ရက်က ဒေသခံ မီဒီယာက ဖော်ပြထားသည်။

အဆိုပါ လှေသည် Bahamas မှ မီယာမီ၊ ဖလော်ရီဒါ စသည့် အမေရိကန် ကမ်းခြေများသို့ သွားရောက်မည့် တရားမဝင် ရွှေ့ပြောင်းဒုက္ခသည်များအား သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ဘရာဇီး နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၏ ပြောကြားချက်အား ကိုးကား၍ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နိုဝင်ဘာလ ၆ ရက်တွင် စတင်ထွက်ခွာခဲ့သည့်အချိန်မှစပြီး ဘရာဇီး ခရီးသည်များနှင့် ပတ်သက်၍ ၎င်းတို့၏ ဆွေမျိုးများ အနေနှင့် မည်သည့် သတင်းမှ မရရှိခဲ့ပေ။

ဘရာဇီးမှ တာဝန်ရှိသူများသည် Bahamas နှင့် အမေရိကန်နိုင်ငံများသို့ ဆက်သွယ်ခဲ့ကြောင်း အဆိုပါ ဝန်ကြီးဋ္ဌာနက ပြောသည်။

အမေရိကန် နှင့် Bahamas နိုင်ငံ ကမ်းခြေစောင့်တို့သည် ကမ်းခြေများသို့ ကင်းလှည့်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း သင်္ဘောမှောက်သည့် အရိပ်အယောင်များ မတွေ့ခဲ့ရကြောင်း ဝန်ကြီးဋ္ဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.