Connect with us

Latin America

ပြင်းအား ၇.၆ ရှိ ငလျင်ပြင်းတစ်ခု ချီလီ၌ လှုပ်ခတ်

ရစ်ခ်ျတာစကေး ၇.၆ပမာဏရှိ အင်အားပြင်း ငလျင်ကြောင့် ချီလီနိုင်ငံ ချီလိုပြည်နယ် ရှိ ကက်စ်ထရိုမြို့ နှင့် ခွန်ချီမြို့ ကြားဆက်သွယ်ပေးထားသော အဝေးပြေးလမ်းမကြီးပျက်စီးနေပုံ (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၅ရက် (ဆင်ဟွာ)

ချီလီနိုင်ငံတွင် ဒီဇင်ဘာ ၂၅ ရက် ပေကျင်းစံတော်ချိန် ၁၀း၂၂ နာရီ က ရစ်ချ်တာစကေး ၇.၆ ပမာဏရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာ (CENC) ကထုတ်ပြန်သည်။

အဆိုပါငလျင်သည် တောင်လတ္တီကျု ၄၃.၃၈ ဒီဂရီ၊ အနောက် လောင်ဂျီကျု ၇၃.၈၁ ဒီဂရီကို ဗဟိုပြု၍ မြေပြင်အနက် ၄၀ ကီလိုမီတာ ၌လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရစ်ချ်တာစကေး .၆ပမာဏရှိ အင်အားပြင်း ငလျင်ကြောင့် ချီလီနိုင်ငံ ချီလိုပြည်နယ် ရှိ ကက်စ်ထရိုမြို့ နှင့် ခွန်ချီမြို့ ကြားဆက်သွယ်ပေးထားသော အဝေးပြေးလမ်းမကြီးပျက်စီးနေပုံ (ဆင်ဟွာ)

စင်တာက ကနဦး တိုင်းထွာချက်များအရ ငလျင်သည် ပြင်းအား ရစ်ချ်တာစကေး ၇.၅ ပမာဏရှိကြောင်း အစောပိုင်းကပြောကြားခဲ့သည်။ချီလီနိုင်ငံ အရေးပေါ်ဋ္ဌာန က အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)