Latin America
ပင်လယ်ထဲ ပျက်ကျခဲ့သည့် ကိုလံဘီယာ ရဟတ်ယာဉ်မှ စစ်သားငါးဦးအား ကယ်ဆယ်နိုင်ခဲ့
ဘိုဂိုတာ၊ ဒီဇင်ဘာ ၁၂ရက် (ဆင်ဟွာ)
ကိုလံဘီယာ စစ်သား ၅ဦးလိုက်ပါလာသည့် ရဟတ်ယာဉ်သည် ကာရေဘီယံကျွန်းများဖြစ်သည့် Providencia ကျွန်း နှင့် San Andres ကျွန်းကြားတွင် ပျက်ကျခဲ့သော်လည်း ၎င်းတို့အား ကယ်ဆယ်နိုင်ခဲ့ကြောင်း ကိုလံဘီယာ ရေတပ်က ဒီဇင်ဘာ ၁၀ရက်တွင်ပြောကြားခဲ့သည်။
အဆိုပါ ရဟတ်ယာဉ်နှင့်အတူ ရဲအရာရှိတစ်ဦး၊ ရဟတ်ယာဉ်စက်ပြင်တစ်ဦး၊ ကမ်းခြေစောင့်အရာရှိတစ်ဦး၊ တွဲဖက်ရဟတ်ယာဉ်မှူးတစ်ဦး၊ ရဟတ်ယာဉ်မှူးတစ်ဦး နှင့် တရားခံတစ်ဦး လိုက်ပါလာကြောင်း သိရသည်။
ယင်းရဟတ်ယာဉ်သည် မူးယစ်ဆေးဝါးကုန်သည် Rafael Tobias အား တရားခွင်သို့ ပို့ဆောင်ရန် ပျံသန်းခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျမှုအတွင်း Tobias ပျောက်ဆုံးနေကြောင်း သိရသည်။
Tobias အား မကြာသေးမီက မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားရင်ဆိုင်ရန် Providencia မှ San Andres သို့ ပို့ဆောင်စဉ် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဦးစီးချုပ် Andres Vasquez က ပျောက်ဆုံးနေသည့် တရားခံအား ရေတပ်သင်္ဘောတစ်ဦးဖြင့် ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း နှင့် ပျက်ကျခဲ့သည့်ရဟတ်ယာဉ်မှ စစ်သားငါးဦးအား ဒီဇင်ဘာ ၉ရက်ညပိုင်းတွင် အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။
Vasquez၏ ပြောကြားချက်အရ ရဟတ်ယာဉ်သည် San Andresကျွန်းမှ ရေမိုင် ၁၄မိုင်အကွာအဝေးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ပျက်ကျရခြင်းအကြောင်းရင်းကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။ (Xinhua)