Connect with us

Latin America

အီကွေဒေါငလျင်ကြောင့် ၂ ဦးသေ ၊ ၁၅ ဦးဒဏ်ရာရ


ကွီတို၊ဒီဇင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ မြောက်ပိုင်း၌ ဒီဇင်ဘာလ ၁၉ ရက်က ပြင်းအား ၅.၇ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် အပျက်အစီးများလည်း ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

၎င်းငလျင်သည် အီကွေဒေါနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းနှင့် ကိုလံဘီယာနိုင်ငံနယ်နိမိတ်ချင်း ထိစပ်နေသော Esmeraldas ပြည်နယ်၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီကွေဒေါနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အတွင်းရေးမှူးရုံး(SGR) က ဆိုသည်။

အီကွေဒေါ ငလျင်၌ ထိခိုက်ဒဏ်ရာရသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အီကွေဒေါ ငလျင်၌ ထိခိုက်ဒဏ်ရာရသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အီကွေဒေါ ငလျင်၌ ထိခိုက်ဒဏ်ရာရသူများအားတွေ့ရစဉ်(ဆင်ဟွာ)

အီကွေဒေါ ငလျင်၌ ထိခိုက်ဒဏ်ရာရသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် အဆောက်အအုံ ၁ဝ လုံးပြိုကျသွားကြောင်း နှင့် အခြား အဆောက်အအုံ ၆၅ လုံးမှာလည်း ငလျင်ဒဏ်ထိခိုက်ခဲ့ရကြောင်း သိရသည်။ အဆိုပါ ပြင်းအား ၅.၇ အဆင့်ရှိ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၁၁ မိနစ်တွင် လှုပ်ခတ်ခဲ့ပြီး Esmeraldas ပြည်နယ် Atacames ကမ်းရိုးတန်းတွင် မြေပြင်အောက် အနက် ၅.၂ ကီလိုမီတာ၌ ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ပြင်းအား ၂.၄ မှ ၄.၆ ကြားရှိ ငလျင်ငယ် ၃၆ ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အီကွေဒေါနိုင်ငံ ဘူမိရူပဗေဒသိပ္ပံက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.