Latin America
ပီရူးတွင် လေယာဉ်တစ်စီး မြေပြင်ဆင်းသက်စဉ် မီးလောင်မှုဖြစ်ပွား
လီမာ၊ မတ် ၂၉ ရက် (ဆင်ဟွာ)
ပီရူးနိုင်ငံ ဂျူနင်းဒေသရှိ Jauja လေဆိပ်တွင် မတ် ၂၈ ရက်က ပီရူးလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး မြေပြင်သို့ ဆင်းသက်စဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသူများအား အချိန်မီကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
မီးလောင်နေသည့် လေယာဉ်ပေါ်မှ ခရီးသည် အယောက် ၁၄၀ နီးပါးအား မီးသတ်သမား ၂၀ ဦးက ကယ်ထုတ်ပေးခဲ့ကြောင်း ပီရူးနေ့စဉ်သတင်းစာ El Comercio ကဖော်ပြခဲ့သည်။
လီမာမြို့မှ ရောက်ရှိလာသည့် ဘိုးရင်း ၇၃၇ လေယာဉ် သည် မတ်လ ၂၈ ရက် နေ့လည်ပိုင်း၌ အရေးပေါ်ဆင်းသက်စဉ် မီးလောင်ကျွမ်းခဲ့ပြီး လေယာဉ်အတွင်းပိုင်း ခရီးသည်များရှိရာသို့ မီးတောက် နှင့် မီးခိုးများ ဝင်ရောက်လာခဲ့ကြောင်း သတင်းစာ၌ဖော်ပြခဲ့သည်။
ဗွီဒီယိုဖိုင်များအရ လေယာဉ်သည် လေယာဉ်ပြေးလမ်းကို ချော်၍ ဘေးဘက်တစ်လျှောက် မြေပြင် နှင့် ပွတ်ဆွဲသွားပြီး နောက်ဘက်တွင် မီးတောက်များတောက်လောင်ကာ မီးခိုးများထွက်လာခဲ့ကြောင်း သိရသည်။
လေယာဉ် မီးလောင်ရခြင်းအကြောင်းရင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)