Connect with us

Latin America

လေယာဉ်ပြေးလမ်းအပြင်ဘက် တွင် ဆဲလ်ဖီ (Selfie) ရိုက်နေသည့် မက္ကဆီကို မိန်းကလေးနှစ်ဦး လေယာဉ်တိုက်မိ၍ သေဆုံး

ဆဲလ်ဖီ (Selfie) ရိုက်နေသူ တစ်ဦးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ မတ် ၂၈ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း ရှိ လေယာဉ်ပြေးလမ်းတစ်ခု၏ အပြင်ဘက် ၌ ဆဲလ်ဖီ (Selfie) ရိုက်နေသော မက္ကဆီကို မိန်းကလေးနှစ်ဦးအား လေယာဉ်ငယ်တစ်စီး က ဝင်ရောက်တိုက်မိခဲ့၍ သေဆုံးခဲ့ကြောင်း သတင်းဋ္ဌာနတစ်ခု က မတ်လ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဝမ်းနည်းဖွယ် မတော်တဆမှုသည် နိုင်ငံမြောက်ပိုင်း ချီဟွာဟွာပြည်နယ်၊ ချီနီပါ့စ်မြို့တွင် မတ်လ ၂၅ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ နှစ်ဦးအား ယင်းနေ့ ညနေပိုင်း၌ပင် မြေမြှုပ်သဂြိုလ်ခဲ့ကြောင်း ပြည်တွင်းနေ့စဉ်သတင်းစာ El Heraldo de Chihuahua က ဖော်ပြခဲ့သည်။

အသက် ၁၈ နှစ် နှင့် ၁၇နှစ် အရွယ် Nitzia Mendoza နှင့် Clarissa Morquecho အမည်ရှိ မက္ကဆီကို မိန်းကလေးနှစ်ဦးသည် ကုန်တင်ကားတစ်စီးပေါ်တက်၍ ၎င်းတို့၏ မိုဘိုင်းဖုန်းများဖြင့် ဆဲလ်ဖီ (Selfie) ရိုက်နေစဉ် လေယာဉ်တောင်ပျံနှင့် တိုက်မိ၍ သေဆုံးခဲ့ကြောင်း အခြားနေ့စဉ်သတင်းစာ တစ်စောင်ဖြစ်သည့် El Diario de Chihuahua ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ မိန်းကလေးနှစ်ဦးသည် လေယာဉ်ပြေးလမ်း အပြင်ဘက် တစ်လျှောက် ကျင်းပနေသည့် မြင်းပြိုင်ပွဲသို့ လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းစာ နှစ်ခုစလုံးကဖောြ်ပခဲ့သည်။

အရေအတွက် အတိအကျဖော်ပြရန် ခက်ခဲသော်လည်း ကမ္ဘာတစ်ဝန်းတွင် ဆဲလ်ဖီ (Selfie) ရိုက်ကူးမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိမှု (သို့) သေဆုံးသူ အများအပြားရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.