Connect with us

Latin America

အမေရိကန်သို့ ဧပြီ ၃ရက်တွင် လာရောက်လည်ပတ်မည့် အီဂျစ်သမ္မတ အား ဒေါ်နယ်ထရမ့် ကြိုဆိုဧည့်ခံမည်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel Fattah Al Sisi (ယာ) အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ ဧပြီ ၃ ရက်တွင် လာရောက်လည်ပတ်မည့် အီဂျစ်နိုင်ငံ သမ္မတ Abdel Fattah Al Sisi အား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ကြိုဆိုဧည့်ခံသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် က မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အီဂျစ်သမ္မတ ၏ အမေရိကန်ခရီးစဉ် မှ တစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရန် အရှိန်အဟုန်မြှင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု နှင့် IS စစ်သွေးကြွအုပ်စု အား မည်ကဲ့သို့ တွန်းလှန်တိုက်ထုတ်သွားမည့် အကြောင်းအရာများအပါအဝင် ဒေသတွင်း အရေးကိစ္စများ နှင့် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာများကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သော ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အပြီး ရက်အနည်းငယ်အကြာတွင် ထရမ့် နှင့် Sisiတို့သည် နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမိုခိုင်မာလာရေး နှင့် ပတ်သက်၍ ဖုန်းဖြင့် ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Sisi က ထရမ့်အစိုးရလက်ထက်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် ပုံစံသစ်တစ်မျိုးဖြင့် ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ကို အီဂျစ်သတင်းဋ္ဌာနတစ်ခုက ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.