Latin America
ပီရူးနိုင်ငံ၏ သမ္မတရှေ့တွင် ဝန်ကြီးချုပ်အသစ် ကျမ်းသစ္စာကျိန်

လီမာ၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ပီရူးနိုင်ငံ၏ သမ္မတ Martin Vizcarraရှေ့မှောက်တွင် မတ် ၁၁ ရက်က ရုပ်ရှင်နှင့် ဒါရိုက်တာအဖြစ်မှ နိုင်ငံရေးသမား အဖြစ်ဝင်ရောက်လာသော Salvador del Solarသည် ဝန်ကြီးချုပ်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရှေ့နေတစ်ဦးဖြစ်သည့် Del Solarသည် ၂၀၁၆-၂၀၁၇ ခုနှစ်မှ စ၍ ပီရူးနိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီးအဖြစ်မှ တာဝန်ထမ်းဆောင်ခဲ့ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထောင်ဒဏ်ကျခံရသော သမ္မတဟောင်း Alberto Fujimori လွတ်မြောက်ရေးအတွက် ကန့်ကွက်ဆန္ဒပြခဲ့သည့်အတွက် ဖြုတ်ချခံခဲ့ရကြောင်း သိရသည်။
ယင်း Del Solarသည် ၁၉၇၀ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး ဆိုင်ရားကူစ်း တက္ကသိုလ် Maxwell ကျောင်းတွင် နိုင်ငံတကာ ဆက်ဆံရေးမဟာဘွဲ့ရရှိခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)