Connect with us

Latin America

ဘရာဇီးနိုင်ငံ စာသင်ကျောင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံး


ဆော်ပေါ်လို၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဆော်ပေါ်လို၌ မတ်လ ၁၂ ရက်က စာသင်ကျောင်းတစ်ကျောင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများအနက် ကျောင်းသား ၇ ဦး၊ အမျိုးသမီး တစ်ဦးနှင့် အခင်းဖြစ်ရာနေရာတွင်ပင် ၎င်းတို့ကိုယ်ကို ပစ်ခတ်ခဲ့သည့် သေနတ်သမားနှစ်ဦး တို့ပါဝင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းသို့ ရုတ်တရက် သေနတ်ပစ်ခတ်မှုမှာ ဒေသစံတော်ချိန် နံနက် ၉း၃၀ နာရီက ဆော်ပေါ်လိုနယ်နိမိတ်အတွင်းရှိ စူဇာနိုမြို့ ဂျာဒင်အင်ပါရာဒါရပ်ကွက်ရှိ Raul Brasil ပုဂ္ဂလိကကျောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ရပ်နှင့် ပတ်သက်၍ သတင်းသိရရန် မိဘများနှင့် အိမ်နီးချင်းများ ကျောင်းသို့ စိုးရိမ်တကြီးရောက်လာခဲ့ကြသည်။

ဘရာဇီးနိုင်ငံ စူဇာနိုမြို့ရှိ စာသင်ကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် စာသင်ကျောင်းတွင် လူအများစုဝေးရောက်ရှိနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

“ကျွန်တော့်ဘဝမှာ တွေ့ဖူးသမျှထဲမှာ အဆိုးဝါးဆုံးမြင်ကွင်းပါပဲ” ဟု ဆော်ပေါ်လိုပြည်နယ် အုပ်ချုပ်ရေးမှူး Joao Doria က အခင်းဖြစ်ပွားရာနေရာရှိ သတင်းထောက်များအား ပြောကြားခဲ့သည်။

စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီဘယ်လ် ဒါ ဆီလ်ဗာ (Cibele da Silva) က “ဒဏ်ရာရသူများကို နယ်မြေနှစ်ခုရှိ ဆေးရုံတွေကို ပို့ဆောင်ခဲ့ပါတယ်။ အချို့ကတော့ စိုးရိမ်ဖွယ်အခြေအနေရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ မူလတန်းနှင့် Junior high ကျောင်းက အချိန်နှစ်ချိန်ခွဲ၍ သင်ကြားခြင်းဖြစ်ပြီး ကျောင်းသား ၁,၀၀၀ နီးပါးတက်ရောက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.