Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံအား ပိတ်ဆို့မှုများ ပို၍ ပြုလုပ်သွားမည်ဟု အမေရိကန် နိုင်ငံ ဒုတိယ သမ္မတက ကိုလံဘီယာ ခရီးစဉ် အတွင်း ကြေညာ

အမေရိကန် နိုင်ငံ ဒုတိယ သမ္မတ မိုက်ပန့် စ် ကို တွေ့ ရစဉ်(ဆင်ဟွာ)

ဘိုဂိုတာ ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံ သမ္မတ အပေါ်တွင် သစ္စာခံသည့် အစိုးရ အရာရှိများကို စီးပွားရေး နှင့် သံတမန် ရေးရာ ပိတ်ဆို့မှု အသစ်များအား ထပ်မံ ပြုလုပ်သွားမည်ဟု ကိုလံဘီယာ နိုင်ငံသို့အလည်အပတ် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံ ဒုတိယ သမ္မတ မိုက်ပန့်စ်(Mike Pence)က ဖေဖော်ဝါရီ ၂၅ ရက်တွင် ကြေညာခဲ့သည်။

မိုက်ပန့်စ်က ဗင်နီဇွဲလား သမ္မတ မာဒူရိုအား ရာထူးမှ ဖယ်ရှားရန် တွန်းအားပေးမှု တစ်ရပ် အနေဖြင့် ဗင်နီဇွဲလား နိုင်ငံ အစိုးရအား ထောက်ခံ ရပ်တည်ခဲ့သည့် ဗင်နီဇွဲလား အုပ်ချုပ်ရေးမှူး လေးဦး အပေါ်တွင် အမေရိကန် အစိုးရက ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း အမေရိကန်၏ လက်တင် အမေရိက မဟာမိတ် အုပ်စု ဖြစ်သော Lima အုပ်စု ၏ ဘိုဂိုတာမြို့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဗင်နီဇွဲလား အုပ်ချုပ်ရေးမှူးများသည် အရေးကြီးသော လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပို့ဆောင်မှုအား ပိတ်ပင်ထားခြင်း နှင့် အုပ်စုလိုက် အကျင့်ပျက် ခြစားမှုများတွင် ပါဝင်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာချက် တစ်ရပ်အား ထုတ်ပြန်ခဲ့သည်။ဗင်နီဇွဲလား နိုင်ငံ အစိုးရအား ဆန့်ကျင့်ဆန္ဒပြသူများ၏ အကူအညီဖြင့် အမေရိကန်၏ လူသားချင်း စာနာ ထောက်ထား မှု အကူအညီများအား ဖေဖော်ဝါရီ ၂၃ ရက်တွင် ဗင်နီဇွဲလား နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် ဘရာဇီး နိုင်ငံ နှင့် ကိုလံဘီယာ နိုင်ငံ တို့မှ တဆင့် ပို့ဆောင်မည့် အစီအစဉ် ကြိုးပမ်းမှုသည် ပဋိပက္ခများကို ဦးတည်ခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလား တာဝန်ရှိသူများက အဆိုပါ အကူအညီများသည် စစ်ရေးအရ ကျူးကျော်ရန် အတွက် ကာကွယ် အကြောင်းပြမှု တစ်ရပ်သာ ဖြစ်ကြောင်း ယုံကြည်ကြပြီး နယ်စပ် ဖြတ်ကျော်မှုများအား ပိတ်ထားကြောင်း သိရသည်။မိုက်ပန့်စ်က ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများအား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဗင်နီ ဇွဲလား နိုင်ငံ အတွက် ဝင်ငွေ ရရှိစေသည့် ဗင်နီဇွဲလား နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA ၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း အားဖြင့် အမေရိကန်၏ ဒေသတွင်း မဟာမိတ်များက ကူညီကြရန် ပြောကြားခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ သမ္မတ မတ်ဒူရိုက “ကျွန်တော်တို့ နိုင်ငံရဲ ့ ပြည်တွင်းရေး ပြသနာတွေကို ကျွန်တော် ဦးဆောင်တဲ့ ဗင်နီဇွဲလား အစိုးရ အနေနဲ့အတူတကွ ဖြေရှင်းနိုင်ပါတယ်။”ဟု ဘိုဂိုတာမြို့တွင် Lima အုပ်စု အစည်းအဝေး ပြုလုပ်နေစဉ် လူမှုကွန်ရက် စာမျက်နှာ Twitter ပေါ်တွင် ရေးသားခဲ့သည်။ဗင်နီဇွဲလား နိုင်ငံ သမ္မတ မတ်ဒူရိုက ဗင်နီဇွဲလား နိုင်ငံ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် စည်းမျဉ်းစည်းကမ်းများအား အမေရိကန် နှင့် နောက်လိုက်များ အနေနှင့် နားလည် သင့်ကြောင်း အမေရိကန် နှင့် မဟာမိတ် အဖွဲ့များအား ရည်ညွှန်းကာ ထည့်သွင်း ရေးသားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.