Connect with us

Latin America

ဗင်နီဇွဲလား ကို အမေရိကန်က စစ်ဆင်ရေး တိုက်ခိုက်ရန်အလားအလာရှိမှုကို ကျူးဘားရှုတ်ချ

ကျူးဘားနိုင်ငံ သမ္မတ မီဂူရယ်ဒီရာဒ်ကန်နယ် (Miguel Diaz-Canel) အားတွေ့ရစဉ် (ဆင်ဟွာ)

ဟာဗာနား၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ်က ဗင်နီဇွဲလားတွင် ကြားဝင်စွက်ဖက်ရန် အလားအလာရှိမှုအပေါ် ရှုတ်ချမှုပြုကြရန် ကျူးဘားနိုင်ငံ သမ္မတ မီဂူရယ်ဒီရာဒ်ကန်နယ် (Miguel Diaz-Canel) ကနိုင်ငံတကာအဖွဲ့အစည်းများကို ဖေဖော်ဝါရီ လ ၂၅ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

“ဗင်နီဇွဲလားကို အမေရိကန်ရဲ့ ကြားဝင်စွက်ဖက်ခြင်းကို ကျွန်တော်တို့ တိုးမြှင့်ဆန့်ကျင်ကြပါစို့” ဟု Diaz-Canel က တွစ်တာတွင် တင်ခဲ့သည်။

လက်တင် အမေရိက နှင့် ကာရေဘီယံ နိုင်ငံများအဖွဲ့ (CELAC) က လက်တင်အမေရိကနှင့် ကာရေဘီယံဒေသကို ငြိမ်းချမ်းရေးဇုံဟု ကြေညာရန် ပူးပေါင်းပါဝင်၍ ထောက်ပံ့ကြရန် ၎င်းက တောင်းဆိုခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ သမ္မတ မာဒူရို ကို ဖြုတ်ချရန်အတွက် အတိုက်အခံအဖွဲ့ကို ထောက်ခံအားပေးနေသည့် အမေရိကန်၏ လက်တင် အမေရိက မဟာမိတ် အုပ်စု ဖြစ်သော Lima အုပ်စုကို ဆန့်ကျင်၍ သမ္မတ Diaz-Canel က ပြောခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အုပ်စုက ၎င်းကိုယ်၎င်း ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့သော အတိုက်အခံခေါင်းဆောင် Juan Guaido ထံသို့ အာဏာလွှဲပြောင်းပေးရန် ဖေဖော်ဝါရီလ ၂၅ ရက် အစောပိုင်းတွင် ဘိုဂိုတာမြို့ အစည်းအဝေး၌ ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ၏ ဒုတိယသမ္မတ မိုက်ပန့်စ် (Mike Pence) ကလည်း ၎င်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မာဒူရိုနှင့် အစိုးရအဖွဲ့အပေါ် စီးပွားရေး နှင့် သံတမန်ဆက်ဆံရေး ပိတ်ဆို့မှု အသစ်များကို ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.