Latin America
ဗင်နီဇွဲလားနိုင်ငံ ဒုတိယ သမ္မတ ရုရှားနိုင်ငံသို့ အလည်အပတ်လာရောက်မည်

မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ ဒုတိယ သမ္မတ Delcy Rodriguez သည် ရုရှားနိုင်ငံ မော်စကိုမြို့သို့လာရောက်ကာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် မတ်လ ၁ရက်တွင်တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ RIA Novosti သတင်းဌာန က ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
TASS သတင်းဌာန က သံသမန်သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဗင်နီဇွဲလားတာဝန်ရှိသူတစ်ဦး၏ လာမည့် အလုပ်သဘောခရီးစဉ်တစ်ခုကိုလည်း ဖော်ပြခဲ့သည်။
အဆိုပါနေ့အစောပိုင်းတွင် ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သမ္မတ ဗလာဒီမာပူတင် အနေဖြင့် Rodriguez နှင့် တွေ့ဆုံသွားရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် ဗင်နီဇွဲလား အစိုးရ နှင့် အတိုက်အခံများအကြား ငြိမ်းချမ်းရေးစကားဝိုင်းဖြင့် ပဋိပက္ခအားဖြေရှင်းကြရန် ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပြီး ၎င်းသည် ဗင်နီဇွဲလားနိုင်ငံ၏ ပြည်တွင်းရေး၌ ပြည်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများ အထူးသဖြင့် မည်သည့် အင်အားသုံးဆောင်ရွက်မှုမျိုးကို မဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)