Connect with us

Latin America

ဘိုလီဗီးယား နိုင်ငံ၏ အသက်အကြီးဆုံး အမျိုးသမီး ဆေးရုံတင်ထားရ

ဘိုလီဗီးယား နိုင်ငံ၏ အသက်အကြီးဆုံး အမျိုးသမီး ဂျူလီယာ ဖလောရက်စ်ကို တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

လာပက်ဇ် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ဘိုလီဗီးယား နိုင်ငံ၏ အသက်အကြီးဆုံး အမျိုးသမီး ဖြစ်သူ မာမား ဂျူလီယာ ဟု လူသိများကြသော ၁၁၈ နှစ် အရွယ်ရှိ ဂျူလီယာ ဖလောရက်စ်(Julia Flores)သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် Cochabamba မြို့ရှိ ဆေးရုံ၌ တင်ထားရကြောင်း သိရသည်။

ဂျူလီယာ ဖလောရက်စ်ကို လွန်ခဲ့သော နှစ်ပတ်က ပထမ အကြိမ် ဆေးရုံတင်ခဲ့ရကြောင်း နှင့် ပြန်လည် သက်သာ ခဲ့ ကြောင်း ၎င်း၏ တူမ ဖြစ်သူ Agustina Verna Flores Colque ၏ ပြောကြားချက် အရ သိရသည်။

“ဒါပေမယ့် ကျန်းမာရေး အခြေအနေတွေ ပြန်ပြီး ဆုတ်ယုတ်လာတာကြောင့် အခုလို ဆေးရုံကို ပြန်တက် ခဲ့ရပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့စံချိန် ဂရင်းနစ် စာအုပ်တွင် အသက် အကြီးဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခြင်း ခံထားရသော အသက် ၁၁၇ နှစ် အရွယ်ရှိ ဂျမေကာ နိုင်ငံသူ အဖွားအို Violet Brown သည် ၂၀၁၇ ခုနှစ်တွင် ကွယ်လွန် ခဲ့ပြီးချိန်မှ စတင်ကာ ဂျူလီယာ ဖလောရက်စ်သည် ဘိုလီဗီးယား နိုင်ငံ၏ အသက်အကြီးဆုံး အမျိုးသမီး တစ်ဦး နှင့် ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသမီး တစ်ဦး အဖြစ် စဉ်းစားခံခဲ့ရသည်။

ဂျူလီယာကို ၁၉၀၀ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပိုတိုစီ ပြည်နယ်၌ မွေးဖွားခဲ့ကြောင်း ဘိုလီဗီးယား နိုင်ငံ အစိုးရ၏ ထုတ်ပေးထားသော မှတ်ပုံတင် အချက်အလက်များ အရ သိရသည်။

သူမသည် လက်ရှိတွင် Cochabamba မြို ့Sacaba တွင် ၎င်း၏ ဝမ်းကွဲ တူမ မိသားစု နှင့် အတူ နေထိုင်လျက် ရှိကြောင်း ၊ မာမား ဂျူလီယာသည် သူမ၏ မိသားစုဝင်များကဲ့သို့ တောင်အမေရိက ဒေသခံ စကား တစ်မျိုးတည်းသာ ပြောဆိုနိုင်ကြောင်း သိရသည်။

“ကျွန်မတို့သူမကို ဆေးရုံတင်လိုက်ရတဲ့ အတွက် အရမ်း ဝမ်းနည်းရပါတယ်။ဘာလို့လဲဆိုရင် ကျွန်မတို့စိတ်ထဲမှာ သူမဟာ ကျွန်မတို့ကို အချိန်မရွေး စွန့်ခွာသွားမယ်လို့ထင်နေမိပါတယ်။ဒါကြောင့် သူမနဲ့အတူ နေရတာ ပျော်သလို သူ့ ကျန်းမာရေး နဲ့ ပတ်သက်ပြီး ကျွန်တော်တို့လဲ အရမ်း စိတ်ပူနေကြပါတယ်။”ဟု ဂျူလီယာ ဖလောရက်စ်၏ တူမ ဖြစ်သူက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.