Latin America
ဗင်နီဇွဲလား၌ ပျက်ကျသွားသော ရဟတ်ယာဉ်ပေါ်က လူ ၁၃ ဦးပျောက်ဆုံးနေ

ကာရာကက်စ် ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ Amazonas ပြည်နယ်၌ Puerto Ayacucho မြို့မှ La Esmeralda မြို့သို့ဦးတည်ပျံသန်လာသော ရဟတ်ယာဉ်တစ်စင်းသည် ဒီဇင်ဘာလ ၃ဝ ရက်က ပျက်ကျသွားခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရအဖွဲ့က ဇန်နဝါရီလ ၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။
ပြည်ထောင်စုရေဒီယိုအသံလွှင့်ဌာန နှင့် အမေးအဖြေပြုလုပ်စဉ် အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သည့် Liborio Guarulla က “ ရဟတ်ယာဉ်က La Esmeralda မြို့မှာ ရှိနေတယ်။ လမ်းခရီးမှာ ပျံသန်းနေရင်း ပျက်ကျသွားတာပါ” ဟု ပြောကြားခဲ့သည်။
ရဟတ်ယာဉ်ပေါ်တွင် စစ်သား ၈ ဦး နှင့် အရပ်သား ၅ ဦးအပါအဝင် စုစုပေါင်း ခရီးသည် ၁၃ ဦးလိုက်ပါသွားကြောင်း နှင့် ရဟတ်ယာဉ်ပျက်ကျသွားသော နေရာရှိ ဒေသခံများပါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စတင်ပါဝင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ အဲဒီမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတဲ့ သတင်းအမှန်ကို ကျွန်တော်တို့ဘာမှ မသိရပါဘူး။ဒါပေမယ့် ပျံသန်းနေရင်း ခရီးစဉ်တစ်လျှောက်မှာ ဖြစ်သွားတာတော့ သိပါတယ် ” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
ထို့ပြင် Liborio Guarulla က “ တရားဝင် သတင်းအချက်တွေကို စောင့်ဆိုင်းနေပါတယ်။ အဲဒီ စစ်ဖက်သုံး ရဟတ်ယာဉ်ပေါ်လိုက်ပါသွားတဲ့ လူအားလုံးကို ပြန်လည် ရှာတွေ့ရှိနိုင်ပါတယ်” ဟု အဆုံးသတ် အနေဖြင့် ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)