Connect with us

Latin America

အမေရိကန် မိုင်ယာမီ တွင် သေနတ် ပစ်ခတ်ခံရမှု ဖြစ်ပွား ခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိ

သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည့် မိုင်ယာမီ ကမ်းခြေ မြို့အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တောင်ပိုင်း ရှိ မိုင်ယာမီ မြို့တွင် ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းက သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိကာ ၎င်းတို့အနက် မှ ၃ ဦး မှာ အသက်မပြည့်သေးသည့် ကလေးငယ် များဖြစ်ကြောင်း သိရှိရသည်။

မိုင်ယာမီ ၏ သတင်း မီဒီယာ မျာဖော်ပြ ချက်အရ မိုင်ယာမီ မြို့ရှိ ရပ်ကွက် တစ်ခုတွင် ကားတစ်စင်း မှ လူများနေထိုင်ရာ နေအိပ် အနီးသို့ မောင်းနှင်လာ ခဲ့ပြီး ကားပေါ်မှ သေနတ် ဖြင့် ပစ်ခတ် ခဲ့ရာ အိမ်ရှေ့တွင် ရှိနေသော လူ ၇ ဦး မှာ ဒဏ်ရာရရှိ ခဲ့ပြီး ၎င်းတို့အနက် မှ အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦး မှာ အသက် အန္တရာယ် စိုးရိမ် ရကြောင်း သိရှိရသည်။

မိုင်ယာမီ ရဲဌာန က ပြစ်မှု ကျူးလွန် သူသည် လက်ရှိ ချိန်တွင် ရှောင်ပြေးနေဆဲ ဖြစ်ပြီး သတင်း အချက်အလက် သိရှိသော ပြည်သူများအနေဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆက်သွယ် ကူညီရန် ကို ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံတွင် သေနတ် ပစ်ခတ်မှု မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ပြီးခဲ့သည့် ခရစ္စမတ် ကာလ အတွင်း အမေရိကန် နိုင်ငံ ချီကာဂို တစ်မြို့တည်းတွင် လူပေါင်း ၆၁ ဦး သေနတ်ပစ်ခတ်မှု ခံခဲ့ရပြီး ထိုအတွင်း မှ ၁၁ ဦးသေဆုံးကာ ယခု နှစ်အတွင်း ချီကာဂို မြို့တွင် သေနတ်ပစ်ခတ်ခံရမှု ကြောင့် သေဆုံးသူ ဦးရေ ၇၇၀ အထိ ရောက်ရှိစေ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.