Latin America
ဗင်နီဇွဲလား ဆန္ဒပြပွဲတွင် ဒဏ်ရာရရှိခဲ့သည့် အမျိုးသားတစ်ဦးသေဆုံး
ကာရာကက်စ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ ရှေ့နေချုပ် က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ဇွန်လ ၂၆ ရက်က ဒဏ်ရာရရှိခဲ့သော အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် သေဆုံးသွားပြီဖြစ်ကြောင်း ဇွန်လ ၂၈ ရက်က ပြောကြားခဲ့သည်။
ထုတ်ပြန်ချက်၌ Jhonatan Zavatti သည် ဆန္ဒပြပွဲဖြစ်ပွားနေစဉ်အတွင်း Miranda ပြည်နယ် Petare မြို့ရှိ လမ်းမတစ်ခု၌ ဇွန်လ ၂၆ ရက်က လမ်းလျှောက်နေစဉ် ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့ပြီး ဇွန်လ ၂၇ ရက် နေ့လည်ပိုင်းတွင် ယင်းဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့ကြောင်း ပါရှိသည်။
ဗင်နီဇွဲလားနိုင်ငံ တွင် ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ပုံရိပ်များ (ဆင်ဟွာ)
၎င်းအား ပြည်တွင်းဆေးရုံတစ်ခုသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့သော်လည်း နောက်တစ်ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဧပြီလ အစောပိုင်းကတည်းက စတင်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် နိုင်ငံတစ်ဝန်းသေဆုံးသူ ဦးရေသည် ၇၇ ဦးအထိရှိလာကြောင်း သိရသည်။ (Xinhua)