Connect with us

Latin America

ဗင်နီဇွဲလား နိုင်ငံ အမြင့်ဆုံး တရားရုံး အား ရဟတ်ယာဉ် ဖြင့် တိုက်ခိုက်ခံရပြီး လက်ရှိချိန်တွင် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရှိရ

ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကာရာကက်စ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံ မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် ဇွန်လ ၂၇ ရက်နေ့တွင် ရဟတ်ယာဉ် မောင်းနှင်ကာ ကာရာကက်စ် မြို့လယ်ရှိ ဗင်နီဇွဲလား နိုင်ငံ အမြင့်ဆုံး တရားရုံး ထံသို့ ဝေဟင် မှ လက်ပစ်ဗုံး နှစ်လုံး ပစ်ချခဲ့ပြီး တိုက်ခိုက်မှု ကြောင့် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ရဲတပ်ဖွဲ့ဝင် သည် ဦးစွာ ရဟတ်ယာဉ် ကို သမ္မတရုံး သို့ မောင်းနှင်ခဲ့ခြင်း ဖြစ်ပြီး ကောင်းကင်ယံ၌ အတိုက်အခံ ပါတီကို ထောက်ခံသည့် အမှတ်အသားပါ စာသား ကို လွှတ်တင်ခဲ့ကြောင်း ၊ ထိုနောက်တွင် အမြင့်ဆုံး တရားရုံး ထံသို့ မောင်းနှင်ခဲ့ပြီး လက်ပစ်ဗုံး နှစ်လုံးကို ပစ်ချခဲ့သော်လည်း ပေါက်ကွဲခြင်း မဖြစ်ပွား ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro က ရုပ်မြင်သံကြား အစီအစဉ် မှတစ်ဆင့် ယင်းတိုက်ခိုက်မှု ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းသည် အတိုက်အခံ ပါတီ မှ စီစဉ်သည့် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.