Connect with us

Latin America

ဘရာဇီးတွင် မြေပြိုမှုကြောင့် သေဆုံးသူ ၁၄ဦးထိရှိလာ


ရီယိုဒီဂျနေရိုး၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ တွင် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းများသည် ရွှံ့ညွန်များအတွင်း ရုပ်အလောင်းများကို ဆက်လက်ရှာဖွေခဲ့ရာ သေဆုံးသူ ၁၄ဦးအထိ တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးဝန်ထမ်းများသည် လူ ၁၁ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတာဝန်ရှိသူများကပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုအားတွေ့ရစဉ် (ဆင်ဟွာ)

သေဆုံးသူများတွင် ကလေးငယ် ၃ဦး နှင့် သက်ကြီးရွယ်အို ၈ဦး ပါဝင်ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်တုံးကြီးတစ်တုံးလိမ့်ကျမှုကြောင့် အနည်းဆုံး နေအိမ်၉လုံးပျက်စီးခဲ့ပြီး လူသေဆုံးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာရှိ အပျက်အစီးများအား ဖယ်ရှားရန် မီးသတ်ဝန်ထမ်းနှင့် ပြည်သူ့ကာကွယ်ရေးဝန်ထမ်း ၂၀၀နီးပါး လုပ်ဆောင်နေကြောင်း သိရသည်။

မြေပြိုမှုသည် ရီယိုမြို့၏ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ Niteroi မြို့ Morro da Boa Esperanca ရပ်ကွက်တွင် နံနက်အာရုဏ်မတက်ခင် ဒေသခံများ အိပ်စက်နေချိန်၌ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.