Connect with us

Latin America

ဘရာဇီးဘောလုံးပွဲစဉ်တစ်ခုတွင် နှစ်ဖက် ပရိသတ်အကြားခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံး

ဘရာဇီးနိုင်ငံ၌ ၂ဝ၁၆ ခုနှစ် ဧပြီလက ယှဉ်ပြိုင်ကစားခဲ့သည့် ဘောလုံးပွဲစဉ်တစ်ခုတွင် နှစ်ဖက်ပရိသတ်အကြား ခိုက်ရန်ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့၌ နိုဝင်ဘာ ၁ဝ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ပြည်တွင်းဘောလုံးပွဲစဉ်တစ်ခုတွင် နှစ်ဖက်ပရိသတ်အကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း နှင့် အခြားတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

ရီယိုဒီဂျနေရိုမြို့မြောက်ပိုင်းရပ်ကွက်တွင် တည်ရှိသော Engenhao ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီးစီးရီးအေပွဲစဉ်တစ်ခုဖြစ်သော ဖလာမင်ဂိုးအသင်း နှင့် ဘိုတာဖိုဂိုအသင်းတို့ယှဉ်ပြိုင်ကစားကြသည့် ပွဲစဉ်အတွင်း နှစ်ဖက် ပရိသတ်အကြား ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြိုင်ဘက်အသင်းပရိသတ်များသည် ရပ်ကွက်ချင်းကပ်နေသော Ilha do Governador ရပ်ကွက်ကို ကျော်ဖြတ်ဝင်ရောက်လာပြီး ရန်ပြုတိုက်ခိုက်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရသူ နှစ်ဦးစလုံးမှာ ဖလာမင်ဂိုးအသင်းပရိသတ် များဖြစ်ကြောင်း နှင့် အချင်းဖြစ်ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက် ရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယင်းဘောလုံးပွဲစဉ်တွင် ဘိုတာဖိုဂိုအသင်းက ၂ ဂိုး-၁ ဂိုးဖြစ် အနိုင်ရရှိခဲ့ပြီး ဖလာမင်ဂိုးအသင်းသည် ၂ဝဝ၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားတွင် ထိပ်ဆုံး၌ ရပ်တည်ခွင့်ရရှိ ရည်မှန်းထားသည့် အသင်းတစ်သင်းဖြစ်ကြောင်းသိရသည်။(Xinhua)