Latin America
ဘရာဇီးတွင် လိုဏ်ဂူပြိုကျမှုကြောင့် လူ ၁၀ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ရီယို ဒီ ဂျနေရိုး၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ မြောက်ပိုင်းတွင် ဘာသာရေး ပွဲတော်တစ်ခု ကျင်းပနေစဉ် လိုဏ်ဂူ တစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံ Tocantins ပြည်နယ် Santa Maria do Tocantins နယ်မြေတွင် လိုဏ်ဂူအတွင်း အနည်းဆုံး လူပေါင်း ၅၀ ဦးခန့်က သူတော်စင်များနေ့ “All Saints’ Day” ကျင်းပနေစဉ် ယင်းသို့ ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တာဝန်ရှိသူများက သတင်းတင်ပြခဲ့သည်။
ဒေသခံ မီးသတ်ဋ္ဌာန၏ အဆိုအရ သေဆုံးသူများထဲတွင် အရွယ်ရောက်ပြီးသူ ၇ ဦး၊ ဆယ်ကျော်သက် မိန်းကလေး ၁ ဦးနှင့် ကလေးငယ် ၂ ဦးတို့ဖြစ်ကြောင်း၊ ၃ ဦးသည် Santa Maria do Tocantins မှဖြစ်ပြီး၊ အခြားသူများမှာ အနီးဝန်းကျင်မှ ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ၇ ဦးအား ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ မည်မျှ ဒဏ်ရာရရှိကြောင်းကိုမူ ထုတ်ဖော်ပြောထားခြင်း မရှိသေးပေ။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ သုံးရက် ဝမ်းနည်းခြင်း ကာလ အဖြစ် Tocantins ပြည်နယ် အစိုးရက ကြေညာထားကြောင်း သိရသည်။ (Xinhua)