Connect with us

Latin America

အမေရိကန်ဒေါ်လာ အတိုးနှုန်းထား မပြောင်းလဲ၊ ဒီဇင်ဘာလတွင် နှုန်းထားမြှင့်နိုင်ရန် ပြင်ဆင်ဟုဆို

အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျက်နက် ယဲ့လန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပြီး ဈေးကွက် သက်ရောက်မှု မသေချာမှုများ ရှိနေသည့်ကြားမှ အတိုးနှုန်းထား ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း အမေရိကန် ဗဟိုဘဏ်က နိုဝင်ဘာလ ၂ ရက်က ပြောကြားလိုက်သည်။ သို့ရာတွင် ဒီဇင်ဘာလ၌ အတိုးနှုန်း ထပ်မံ မြှင့်တင်နို်င်မည်ဟု ဗဟိုဘဏ်က အချက်ပြထားကြောင်း သိရသည်။

ကော်မတီ ဆုံးဖြတ်သူများက ပြည်ထောင်စု အရန်ငွေ နှုန်းထား တိုးမြှင့်ရန် ကိစ္စအား ဆက်လက် ခိုင်မာအောင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဗဟိုဘဏ် မူဝါဒ ရေးဆွဲရေး ကော်မတီက နှစ်ရက်ကြာ အစည်းအဝေးပြီးနောက် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ာဘလတွင် အမေရိကန် ဗဟိုဘဏ်က ဆယ်စုနှစ် တစ်ခုနီးပါးအတွင်း အတိုးနှုန်းများ မြှင့်တင်ခဲ့သည်။ သို့သော်လည်း ယခုနှစ်စပိုင်းကတည်းက ကမ္ဘာ့ စီးပွားရေး ကျဆင်းခြင်းနှင့် အခြား ဘဏ္ဍာရေးဆိုင်ရာ အန္တရယ်ရှိနိုင်ခြေ စွန့်စားမှုကြောင့် အတိုးနှုန်း ပိုမိုမြှင့်တင်ခြင်းအား ဗဟိုဘဏ် မူဝါဒ ရေးဆွဲသူများက သတိထား ကိုင်တွယ်နေခဲ့ရကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ဗဟိုဘဏ် တာဝန်ရှိသူများအနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ပြုလုပ်ရန် ရက်ပိုင်းမျှအလို မူဝါဒ အစည်းအဝေး၌ အတိုးနှုန်းအား မပြောင်းလဲဘဲ ဆက်လက် ထိန်းသိမ်းထားမည်ဟု ဈေးကွက် ပါဝင်သူများက အကျယ်တဝင့် မျှော်လင့်ထားကြသည်။

ဗဟိုဘဏ် တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲအား အခြား မည်သည့် အကြောင်းအရာများမှ လွှမ်းမိုးလာမည်ကို မလိုလားကြောင်း၊ တနည်းအားဖြင့် သမ္မတလောင်းများအား ကူညီရာလည်း ရောက်ကြောင်း နိုဝင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သည့် CNBC Fed Survey အား ကိုးကား၍ လေ့လာဆန်းစစ်သူ အများစုက သုံးသပ်ထားသည်။ ထို့ပြင် အခြား လေ့လာဆန်းစစ်သူများကလည်း အတိုးနှုန်း မြင့်တက်ခြင်းနှင့် ပတ်သက်၍ ဈေးကွက်က အသင့်မဖြစ်သေးကြောင်း ထောက်ပြထားသည်။

သို့ရာတွင် အမေရိကန် စီးပွားရေးအား ဆွဲတင်ရန်နှင့် ငွေကြေး ဖောင်းပွမှုကို ဖြေရှင်းရန်အတွက် အတိုးနှုန်းများအား ဒီဇင်ဘာလအတွင်း တတ်နိုင်သမျှ တိုးမြှင့်နိုင်မည်ဟုလည်း နိုဝင်ဘာလလ ၂ ရက်က အချက်ပြထားကြောင်း သိရသည်။

အမေရိကန် ဗဟိုဘဏ်သည် ယခုနှစ်အတွက် နောက်ဆုံး မူဝါဒ အစည်းအဝေးအား ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တွင် ကျင်းပမည် ဖြစ်သည်။ ပြီးခဲ့သည့်လက ဝေါစထရိဂျာနယ်တွင် ဖော်ပြခဲ့သည့် စီးပွားရေး ပညာရှင် ၅၉ ဦး၏ ၈၁ ရာခိုင်နှုန်းအား ကောက်ယူထားသည့် စစ်တမ်းအရ ဗဟိုဘဏ်သည် အတိုးနှုန်းမြှင့်တင်ရန်အတွက် ဒီဇင်ဘာလမတိုင်မီအထိ စောင့်ဆိုင်းလိမ့်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.